၂၂၁

1K 96 2
                                    

အခန်း ၂၂၁။

သူ့ကိုလုံးဝစိတ်မဝင်စားဘူး

ကျယ်ပြောလှသော ကမ္ဘာကြီးမှာ သူ့ကို ယခုကဲ့သို့ ပြုမူသူက ရှင်းဟယ်တစ်ဦးသာ ရှိလောက်လိမ့်မည်။

မုပိုင် ကူကယ်ရာမဲ့စွာ လက်လွှတ်ပေးလိုက်သည်။ "ယွင်ရို့ပင်းကို နှင်ထုတ်ဖို့ဆို ကိုယ့်ခြေလက်တွေ တုပ်နှောင်ခံထားရတယ်လို့ ကိုယ်ပြောခဲ့ပေမဲ့ မင်းဓာတ်ခွဲခန်းထဲ ပြန်ဝင်နိုင်ဖို့ ကိုယ်မကူညီဘူးလို့ မပြောဖူးဘူး"

ထင်သည့်အတိုင်းပင် ရှင်းဟယ် ပြန်ထိုင်လေသည်။ မုပိုင်လက်ကို ပြန်ရုပ်လိုက်သည်။

"ဒါပေမဲ့ ရှင့်အဘွားက ကျွန်မကို ဓာတ်ခွဲခန်းကို ဝင်ခွင့် တားမြစ်ထားတယ်မဟုတ်ဘူးလား"

ရှင်းဟယ် အပြိုင်ငြင်းနေလေသည်။ "အမှန်တော့ အဲကို ပြန်သွားစရာမလိုတော့ပါဘူး။ နောက်ဓာတ်ခွဲခန်းရဲ့ အကူအညီနဲ့ သုတေသန ဆက်လုပ်လို့ရတယ်။ တစ်ခုပဲ၊ ကျွန်မက မူပိုင်ခွင့်ကို အခြားကုမ္ပဏီဆီမဟုတ်ဘဲ ရှင့်ကုမ္ပဏီကိုပဲလွှဲပေးချင်တာ" ဟုဆက်ပြောလာသည်။

မုပိုင် မျက်လုံးများ အားတက်သွားသဖွယ် အရောင်လက် လာသည်။

ရှင်းဟယ်က သူ့ကို စိတ်ဝင်စားမှုပြလာ၍ သူပျော်မြူးနေတော့သည်။

သို့သော် ရှင်းဟယ် ဆက်ပြောလာသည့်စကားက သူ့ကို လက်တွေ့ဘဝဆီ ပြန်ခေါ်ဆောင်လာလေသည်။

"ဒီလောက် ကောင်းတဲ့ မူပိုင်ခွင့်က လင်းလင်းပဲ ရကိုရစေရမယ်"

မုပိုင်ဆွံ့အသွား၏။

သူသိခဲ့သင့်ပေသည်။ သူမမျက်လုံးထဲ၌ သူသည် သူမသားနှင့် ကံမကောင်းစွာ ဆက်နွယ်နေသည့် သူထက်မပိုချေ။

"အဲဒါကြောင့် တကယ်လို့ ဆင်ခြေဆင်လက် များနေတယ် ဆိုရင် ကျွန်မရှီးမိသားစု ဓာတ်ခွဲခန်းထဲကို မဖြစ်မနေ ပြန်ဝင်ရမယ်တော့မဟုတ်ပါဘူး" ဟု ရှင်းဟယ် အမှန်တိုင်း ပြောလိုက်သည်။

ရှီးမိသားစု၏ အထောက်အပံ့မပါဘဲနှင့်တောင် သူမ အောင်မြင်နိုင်သည်ဟူ၍ သူမ မုပိုင်ကို ပြောနေခြင်းဖြစ်သည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now