အခန်း ၂၆၅။ စတုတ္ထလက်ဆောင်
ဘော်ဒီတောင့်တောင့် သက်တော်စောင့်အချို့ပင် သူမကို မထိန်းထားနိုင်ပေ။
ထိုကဲ့သို့သော ရူးသွပ်နေသောအမျိုးသမီးကို သူမ တစ်ခါမှမတွေ့ဖူးချေ။
သူမမျက်လုံးထဲမှ ရူးသွပ်မှုက ရေဝဲကဲ့သို့ပင် နက်ရှိုင်းပြီး အဆုံးမရှိချေ။ သူမက လုံးဝစိတ်လွတ်သွားသောသူကဲ့သို့ ပြုမူနေသည်။
မုပိုင်နှင့် ရှင်းဟယ်က သူမကို ကြည့်လိုက်သောအခါ သူတို့ အံ့ဩသွားပြီး မယုံကြည်နိုင်ကြပေ။
“ဒါဆို သူက ရူးနေတာပဲ” ဟု ရှင်းဟယ်က ချက်ကျလက်ကျပြောလိုက်သည်။
မုပိုင်လည်း ဆွံ့အသွား၏။ ထျန်းရှင်းက ထိုကဲ့သို့သော အန္တရာယ်များသူမှန်း သူမသိခဲ့ပေ။
သို့သော် ထျန်းရှင်းအတွက် ခဏသာ သူ့စိတ်ထဲရောက်သည်။ သူက အခြားသူကို ပိုစိတ်ပူနေသည်။
“မင်း ဘယ်လိုနေလဲ၊ ဒဏ်ရာရသွားသေးလား” သူ ရှင်းဟယ်ကိုယ်ကို စစ်ဆေးလျက် အလျင်စလိုမေးလာသည်။
“အဆင်ပြေပါတယ်” ဟု ရှင်းဟယ် တည်တည်ငြိမ်ငြိမ်ဖြင့် ဖြေလိုက်ပြီးနောက်
“ရှင်ရော” ဟု ဆက်ပြောလာသည်။
ရှင်းဟယ်က သူ့အတွက် ယခုကဲ့သို့စိတ်ပူပေးသည်မှာ ပထမဆုံးပင်။
မုပိုင်က ဉာဏ်များသည့်အပြုံးမျိုး ပြုံးလိုက်သည်။
“ကျေးဇူးပါပဲ၊ ကိုယ်အဆင်ပြေပါတယ်”
“အိုကေ ” ရှင်းဟယ် ကုန်းထလိုက်ပြီး သူမဒဏ်ရာရနေသည့် ခြေထောက်ကို တစ်ရွတ်တိုက်ဆွဲပြီး ထျန်းရှင်းဆီသို့ လျှောက်သွားလိုက်သည်။
မုပိုင် သူ့ကို အလျင်စလိုတွဲလိုက်သည်။ သူ တွေးစရာမလိုဘဲ ထိုသို့တန်းပြုမူ မိလေသည်။
သူတို့နှစ်ဦးက ထျန်းရှင်းရှေ့တွင် ရပ်လိုက်ကြသည်။
ထျန်းရှင်းက ရုတ်တရက် နိဗ္ဗာန်ယာဉ်ပေါ်က အလောင်းကောင်ကဲ့သို့ ငြိမ်ကျသွား၏။ သူမ လည်ကို ဆန့်ထုတ်လိုက်ပြီး သူတို့နှစ်ဦးကို ရက်စက်စွာ စိုက်ကြည့်ပြီးနောက် ရှင်းဟယ်မျက်နှာကိုသာ ကြည့်နေတော့သည်။
သူမမျက်လုံးထဲတွင် သွေးဆာမှုနှင့် လူသတ်ချင်စိတ်တို့ကို ရှင်းဟယ်ဖတ်လိုက် ရသည်။ ချူထျန်းရှင်းက သူမကို တကယ်သတ်ချင်နေလေသည်။
သို့သော် သူမရှုံးသွားပြီဖြစ်၍ သတ်လို့မရတော့ပေ။
“ချူထျန်းရှင်း လုပ်တာတော်တယ်။ ငါ့ကို စိတ်မပျက်စေဘူး” ဟု ရှင်းဟယ် ပြောလိုက်သည်။
သူမပြောခဲ့သလိုပင် သူမကို ထောင်ဖမ်းရန် ရှင်းဟယ်တွင် သက်သေမရှိချေ၊
သို့သော် ယခု သူမတွင် သက်သေရှိသွားပြီ။ ထျန်းရှင်းကိုသာ ရန်စရလွယ်မနေပါက ထိုသို့ဖြစ်လာမည် မဟုတ်ပေ။ အမေနှင့် သမီးတူပေသည်။
ကျည်ထည့်ထားသည့် သေနတ်ဖြင့် လူသတ်ရန်ကြံစည်မှုက သူမ သေချာပေါက် ထောင်ချနိုင်ပေသည်။
ထျန်းရှင်းက နောက်ဆုံးမှ သူမ ထောင်ချောက်ထဲသို့ရောက်သွားကြောင်း သတိထားမိသွားပြီး ဒေါသတကြီး အော်လေသည်၊ “ရှရှင်းဟယ်၊ ငါနင့်ကို မသတ်နိုင်ခဲ့တာက ငါ့ဘဝရဲ့ အကြီးမားဆုံး နောင်တပဲ။ ငါအသက်ရှင်နေသရွေ့တစ်နေ့ နင်ကို ငါလာသတ်မယ်”
“ငါနင့်ကို သေချာပေါက် အသက်ရှင်အောင်ထားထားမယ်မို့လို့ အတော်ပဲ” ဟု ရှင်းဟယ်ကို အညှာတာကင်းသည့်အပြုံးဖြင့် “ဒါက နင့်ကိုပေးမဲ့ စတုတ္ထလက်ဆောင်၊ ဘဝရဲ့ လက်ဆောင်ပေါ့၊ ငါနင့်ရဲ့ နောက်ဆုံးထွက်သက်အထိ ငရဲလိုခံစားရအောင် သေချာပေါက်လုပ်ပေးမယ်” ဟု ပြောလာသည်။
ထျန်းရှင်းမျက်လုံးကို ပြူးကျယ်လာပြီး ကြောက်ရွံ့နေတော့သည်။
ရှင်းဟယ်ကြောင့်တော့မဟုတ်၊ သူမအနာဂတ်အတွက်ဖြစ်သည်။
သူမ ထောင်နန်းစံရတော့မည်ဖြစ်ပြီး ချူမိသားစု၏ မင်းသမီးအဖြစ်နေရသည့် သူမဘဝလေးက ပြီးသွားပြီဖြစ်သည်…
“ဒါနဲ့ နင်က ငါ့မိတ်ဆွေဟောင်း ချွေ့မင်းကို သတိရသွားစေတယ်၊ အဲဒါကြောင့် သူ့ထောင်ကို ဖုန်းခေါ်ပြီး စစ်ကြည့်လိုက်သေးတယ်၊ သူဘာပြောလာလဲဆိုတာ သိလား” ဟု ရှင်းဟယ် လေပြေလေးဖြင့် မေးလာစဉ် သူမလေသံမှာ အေးစက်နေ၏၊
“အခွင့်အရေးရှိတုန်းက ငါက သူ့ကိုသတ်ပေးခဲ့ရမှာတဲ့။ ဘယ်သူကသိနိုင် မှာလဲ၊ လနည်းနည်းကြာရင် ငါနင့်ဆီကလည်း အဲစကားကြားရနိုင်တာပဲ”
“ရှရှင်းဟယ် အပျက်မ နင်ဒီကိုလာခဲ့၊ ငါနင့်ကိုသတ်မယ်” ထျန်းရှင်း ထပ်မံရုန်းလာသော်လည်း သက်တော်စောင့်များက ချုပ်ထား၍ သူမဘာမှမလုပ်နိုင်ပေ။
“မုပိုင်” ထျန်းရှင်း ရုတ်တရက် အသက်ကယ်ကြိုးကို တွေ့လိုက်သကဲ့သို့ မုပိုင်ဖက်သို့လှည့်ကာ ကုန်းအော်လေသည်။
“တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ကျွန်မကိုကယ်ပေးပါ။ မုပိုင် ဒါတွေအားလုံးက ကျွန်မ ရှင့်ကို ချစ်လို့ လုပ်ခဲ့တာပါ၊ မုပိုင် တကယ်စိတ်ရင်းနဲ့ချစ်တာပါ၊ ကျွန်မရဲ့အရာအားလုံးက ရှင့်အတွက်ပါ၊ ကျွန်မဒီလိုလုပ်ခဲ့တာတွေက ရှင့်ကြောင့်ပါပဲ…”
မုပိုင် ရွံ့ရှာသလိုဖြင့် မျက်မှောင်ကြုတ်လိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။
“သူမကို ရဲလက်ထဲအပ်လိုက်”
“ရက်စ် ဆာ” သက်တော်စောင့်များက သူမကို ဆွဲခေါ်သွားစဉ် ထျန်းရှင်းက သူ့ကို မရပ်မနား တောင်းပန်ပြီး အော်ဟစ်ကာ အကူအညီတောင်းနေသော်လည်း သူမဘာပဲပြောနေပါစေ မုပိုင် မျက်နှာထားက မပြောင်းချေ။
အမှန်မှာ သူ့ယခင်စေ့စပ်ထားသူ၏ ယခုလိုပုံစံကြောင့် သူချောက်ချားနေသည်။
ထျန်းရှင်းကို ရဲလက်ထဲသို့ အမြန် အပ်လိုက်ကြသည်။
ရဲများက ရောက်တာအတန်ကြာနေပြီဖြစ်ပြီး အပြင်ဖက်၌ စောင့်နေကြသည်။
အိမ်ထဲတွင် ဖြစ်ခဲ့သမျှကို မမေးကြချေ။ ချူမိသားစု၏ ရာဇဝတ်ကျူးလွန်ထားကြောင်း သက်သေကိုသာ သူတို့လိုအပ်ကြသည်၊ ထို့နောက် ထိုရာဇဝတ်သား မိသားစုကို ခေါ်သွားကြလေသည်…
...
Zawgyi
VOUS LISEZ
ဝေးလွင့်ပြီးသော အတိတ် (၂)
Roman d'amourကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...