အခန်း ၂၈၇

886 63 2
                                    

အခန်း ၂၈၇။ ရက်နည်းနည်းလောက် လူလဲနေချင်

ရှမုန့်သည် နောက်ဆုံးမှ ရှင်းဟယ်၏ဆိုလိုရင်းကို နားလည်သွားတော့သည်။

သူတို့နှစ်ယောက်မှာ လုံးဝကွဲပြားလေသည်။ သူတို့ခန္ဓာကိုယ်ချင်း လဲသွားပြီးသည့်တိုင် ရှမုန့်က ‘သူမ’ ဖြစ်လာမည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ရှင်းဟယ်သည် တောက်ပနေမည်ဖြစ်ပြီး သူမဖြစ်ကြောင်း သက်သေပြရန် သူ့မျက်နှာကို အားကိုးနေစရာမလိုချေ။

အလှတရားသည် အမှန်တကယ်ကို အပေါ်ယံသာဖြစ်ကြောင်းပြနေတော့သည်။

ရှမုန့် သူမ၏တုံးအမှုကို မရယ်ဘဲ မနေနိုင်တော့ပေ၊ သူမ ညည်းညူလာသည်၊ “ဒါဆို အပေါ်ယံအရေပြားက အခွံသက်သက်ပဲပေါ့”

ရှင်းဟယ်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး “နင့်ကိုယ်နင် မုန်းလို့ ငါနဲ့ ခန္ဓာကိုယ်ချင်းလဲလိုက်တာလား” ဟုမေးလိုက်သည်။

ရှင်းဟယ်၏ စကားလုံးများက ပြတ်သားလွန်းလိမ့်မည်ဟု သူမ မထင်ထားမိ၍ ရှမုန့် အံ့ဩနေသည်။ ရှင်းဟယ်က သူမရင်ထဲကို အလွယ်တကူ မြင်နေရလေသည်။

“နင်က တကယ် လေးစားဖို့ကောင်းတာပဲ။ ငါ့အလိုလိုသိစိတ်က မှန်နေတာပဲ။ ငါ နင့်ကို စတွေ့တဲ့အချိန်ကတည်းက နင်က အရမ်းထူးခြားမှန်းသိလိုက်တယ်”

ရှမုန့်က သူမကိုကြည့်လိုက်ပြီး “အဲကတည်းက ငါနင့်ကိုအားကျခဲ့တာ၊ ငါနင့်အကြောင်း ထပ်စုံစမ်းပြီးတော့ ငါ့အားကျစိတ်က ငါ့ကို ဝါးမျိုသွားတယ်လို့ ပြောလို့ရပါတယ်” ဟု ပြောလာသည်။

“ငါ့ကိုအားကျတယ်ဟုတ်လား” ရှင်းဟယ်က ပြုံးလိုက်သည်၊ “ဘာအတွက်လဲ”

သူမတွင် အားကျစရာဘာမှမရှိဘူးဟု ရှင်းဟယ်တွေးလေသည်။ သူမက အိမ်ထောင်ကွဲ၊ သူမမိဘနှစ်ပါးလုံးကို ဆုံးရှုံးထားသည့်သူ၊ နှစ်ပေါင်းများစွာ ဒုက္ခခံခဲ့ရသေးသည်။ ‘အဲဒါကို ဘာအားကျစရာရှိလို့လဲ။ ဒီရှမုန့်က တကယ် ရူးနေတာပဲ’

ရှမုန့်က ထူးထူးဆန်းဆန်း ဒေါသထွက်သွားသည်။ “ရှင်နားမလည်ဘူး၊ ရှင့်ဖက်က အမြင်ဆို ရှင်က ဒီတိုင်း သာမန်အမျိုးသမီးပဲ၊ ဒါပေမဲ့ ငါက အဖက်ဖက်မှာ နင့်ထက်ပိုသာမန်ရိုးကျဆန်ပြီး ပိုဆိုးတာကို နင်နားလည်ထားသင့်တယ်။ ဒုက္ခ အခက်အခဲတွေကနေ ရုန်းထွက်ရဲတဲ့ နင့်ရဲ့ သတ္တိ၊ နင့်ကံကြမ္ပာကို နင်ပြောင်းလဲနိုင်တဲ့ စွမ်းအားတွေကို ငါအားကျတယ်။ ငါနင့်ဘဝကို အားကျတယ်၊ ဘာလို့လဲဆိုတော့ နင့်ဘဝက ငါလိုချင်တဲ့အရာတွေချည်းပဲ”

ဝေးလွင့်ပြီးသော အတိတ် (၂)Tempat cerita menjadi hidup. Temukan sekarang