အခန်း ၂၈၉

746 57 2
                                    

အခန်း ၂၈၉။ နင်ကနင်ပဲဖြစ်နေပြီး၊ ငါက ငါ ဖြစ်နေတုန်းပဲ

ထိုမေးခွန်းက ရှင်းဟယ်နှင့် မုပိုင် နှစ်ဦးလုံးကို အကျပ်ရိုက်သွားစေသည်။

မုပိုင်က မျက်စိကို မှိတ်ကာ တွေးလိုက်သည်။ "မှတ်ဉာဏ်ဆင့်ပွားဖြစ်ပေါ်တာတဲ့လား"

ရှမုန့်က ခေါင်းညိတ်လာသည်။ "ဟုတ်တယ်"

မုပိုင်က ချက်ချင်း ပြန်ပြောလာသည်။

"ဒီဦးနှောက်နည်းပညာနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်တွေ အဖြေထုတ်နေကြပေမဲ့ ဘယ်သူမှမအောင်မြင်ကြသေးဘူးလေ"

အဘယ်ကြောင့်ဆိုသော် ၎င်းက အလွန်ရှုပ်ထွေးလှသော သုတေသနဖြစ်နေ၍ဖြစ်၏။ ခေတ်ဦးပိုင်း၊ သမိုင်းမတင်မီကလူက အင်ဂျင်နီယာပညာရပ်ကို သုတေသနပြုနေသကဲ့သို့ ခက်ခဲပေသည်။

၎င်းက အမှန် မဖြစ်နိုင်သော်လည်း မော်ဒန်ခေတ်မှလူကကျောက်ခေတ်မှလူထက်တော့ ပိုအောင်မြင်နိုင်ခြေ များလေသည်။

ရှမုန့်က ခေါင်းညိတ်လာပြန်သည်၊ "အင်း သီအိုရီကျကျပြောရရင် ဒီနည်းပညာကို သုတေသနလုပ်လို့ မအောင်မြင်သေးတာမျိုး ဖြစ်သင့်ပေမဲ့...တစ်ယောက်က အောင်အောင်မြင်မြင်လုပ်ခဲ့ပြီးပြီ။ အခုအခြေအနေက အကောင်းဆုံးသက်သေပဲမဟုတ်ဘူးလား"

ရှင်းဟယ်က အာရုံစိုက်နေလျက် မျက်မှောင်ကြုတ်လိုက်သည်။

"တစ်နည်းအားဖြင့် နင်က ငါ့ကို ဒီမှတ်ဉာဏ်ဆင့်ပွားဖြစ်ပေါ်တဲ့နည်းပညာကို သုံးလိုက်တယ်ပေါ့။ ငါ့မှတ်ဉာဏ်ကို နင့်ဦးနှောက်ထဲ ပြောင်းထည့်လိုက်ပြီး နင့်မှတ်ဉာဏ်ကို ငါ့ထဲကိုပေါ့"

သူမက အကင်းပါးလွန်းသဖြင့် ရှမုန့်အံ့ဩသွား၏။

သူမ ခေါင်းညိတ်ပြလိုက်သည်။

"အဲဒါပါပဲ၊ ကျွန်မတို့က မှတ်ဉာဏ်ချင်းပဲလဲသွားတာပါ၊ အမှန်က ရှင်ကရှင်၊ ကျွန်မက ကျွန်မ ဖြစ်နေတုန်းပါပဲ။ ဒါမှမဟုတ် ဒီလိုပြောလို့ရတယ်၊ ရှင်က ကျွန်မဖြစ်လာတယ်လို့ ထင်နေပေမဲ့ လုံးဝ မှန်နေတာမျိုးမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မဦးနှောက်က ရှင့်ရဲ့မှတ်ဉာဏ်တွေ များသွားလို့ ကိုယ်ပိုင်မှတ်ဉာဏ်တွေကို ဖုံးသွားတာ၊ အဲတော့ ရှင်က ကျွန်မဖြစ်လာတယ်လို့ထင်ယောင်လာတာ၊ ဒါပေမဲ့ တကယ်ကြီး လူပြောင်းသွားတာတော့ မဟုတ်ဘူး။ ခေါင်းမရှုပ်သွားဖို့ မျှော်လင့်ပါတယ်"

ဝေးလွင့်ပြီးသော အတိတ် (၂)Donde viven las historias. Descúbrelo ahora