အခန်း ၃၂၆
။ သူမ အကြာကြီး အသက်ရှင်နိုင်မှာမဟုတ်တော့
လုချီက ရှင်းဟယ်ကို သူအတတ်နိုင်ဆုံး ကုပေးလေသည်။ သူ ရှင်းဟယ်ကို အကြမ်းဖျင်း စမ်းသပ်ပြီးနောက် သူ့မျက်နှာမှာ သုန်မှုန်သွား၏။
"သူမ ဘယ်လိုနေသေးလဲ" ဟု မုပိုင်က ရုပ်တည်ကြီးဖြင့် မေးလာသည်။
"အခြေအနေက တော်တော်ဆိုးဆိုးပဲ၊ သူမကို လှိုက်စားစေတတ်တဲ့ဆေးထိုးထားတယ်" လုချီက အမှန်တိုင်းပြောလာသည်။ "ငါတော့ ဒီလိုရက်စက်လွန်းတဲ့ဆေးမျိုး တစ်ခါမှမမြင်ဖူးဘူး။ ဒီဆေးက ရှမုန့်ရဲ့ခန္ဓာကိုယ်ကို လုံးဝဖျက်ဆီးလိုက်တာ"
မုပိုင်အကြည့် စူးရှသွား၏။ "လှိုက်စားတတ်တဲ့ဆေးတဲ့လား"
လုချီက ခေါင်းညိတ်ပြ၏။ "ဒီဆေးက ခန္ဓာကိုယ်ရဲ့ အရေးကြီး အင်္ဂါအစိတ်အပိုင်းကို ဖြည်းဖြည်းချင်းပိတ်ချလိုက်တာကွာ၊ အဆိပ်က ထကြွလာတာနဲ့ လူက စိတ်ကူးလို့တောင်မရနိုင်တဲ့အထိ နာကျင်နေလိမ့်မယ်။ တကယ်လို့ အဲလူကို မြန်မြန် ဖြေဆေးမကျွေးလိုက်ရင် သူက နာနာကျင်ကျင်နဲ့ အကြာကြီး ခံစားရပြီးမှသေသွားလိမ့်မယ်။ မစ္စရှရဲ့အခြေအနေအရဆို သူမကို ဆေးထိုးပြီးတာ အချိန်အတိုင်းအတာတစ်ခုထိ ရှိသွားပြီဆိုတော့ ပြောရမှာ အားနာပေမဲ့ သူမ တော်တော်လေး ခံစားခဲ့ရမှာ"
မုပိုင်ဘေးနားမှ လေထုက အေးစက်သွားကာ သူ့အကြည့်က သေခြင်းကဲ့သို့ အေးစက်လာသည်။ ရှင်းဟယ် နှိပ်စက်ခံရသည်ဆိုသည့် အတွေးနှင့်ပင် သူ တရားခံကို သန်းပေါင်းများစွာသော အပိုင်းပိုင်းခုတ်ထစ်မှသာ ငြိမ်းသွားမည့် ဒေါသမီးများ ဆူပွက်နေသည်။ ရှမုန့်၏ ခန္ဓာကိုယ် ဖြစ်သော်လည်း ခံစားရသူက ရှင်းဟယ်ဖြစ်လေသည်။
အဓိကအားဖြင့် သူ့ကိုယ်သူ ဒေါသထွက်လေသည်၊ အကြောင်းမှာမူ သူမ၏ အုပ်ထိန်းသူအနေနှင့် သူကျရှုံးသွားသည်။
မုပိုင် မျက်လုံးကို မှေးလိုက်ပုံမှာ အန္တရာယ်များလေသည်၊ "သူမကိုချက်ချင်း ကုပေး၊ သူမ ဒီလိုခံစားနေရတာမျိုးကို ငါတို့ ဆက်ပြီးခွင့်မပြုထားလို့မဖြစ်ဘူး" ဟု အမိန့်ပေးလိုက်သည်။
VOUS LISEZ
ဝေးလွင့်ပြီးသော အတိတ် (၂)
Roman d'amourကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...