အခန်း ၂၀၁

1.3K 105 1
                                    

အခန်း ၂၀၁။

ဒါက ကျွန်မအဖြေ

ထိုနှစ်ဦး၏ စော်ကားချက်များကြောင့် လူအုပ်ထဲမှ လူအချို့ကို ရှင်းဟယ်ဖက်သို့ ပြောင်းသွားစေလေသည်။ ရှင်းဟယ်ကိုယ်စား မခံမရပ်နိုင် ဖြစ်နေကြသည်။

အရိုးသားဆုံးပြောရရင် ရှင်းဟယ်ကိုယ်တိုင်သည်လည်း ထိုလူရွှင်တော်
နှစ်ယောက်ကို စိတ်ကုန်နေပြီဖြစ်၏။

“မင်းပြီးတော့ မင်း…” ရှင်းဟယ် ငတုံးနှစ်ယောက်တွဲကို လက်ညှိုးထိုးလိုက်ပြီး ဩဇာအပြည့်နှင့် အမိန့်ပေးလိုက်သည်။

“ငါ စမ်းသပ်မှုကို အောင်သွားတာနဲ့ မင်းတို့နှစ်ယောက်လုံး မင်းတို့ရဲ့ ခေါင်းဆောင်ယွင်ရို့ပင်းနဲ့အတူ ဒီကနေထွက်သွားကြ”

သူဘာပြောလိုက်တာ…

အင်ဂျင်နီယာနှစ်ဦးလုံး ဒေါသထွက်သွားပြီး ရှင်းဟယ်ကို တအံ့တဩဖြင့် စိုက် ကြည့်လိုက်သည်။

“ဘာပြောလိုက်တာလဲ။ ခင်ဗျား ဘယ်လိုလုပ် ဒီလိုအမိန့်မျိုး ပေးရဲရတာလဲ”

ရို့ပင်းတောင် ဒေါသတကြီး အော်လိုက်၏။

“ရှရှင်းဟယ်၊ ငါ့ကိုပဲရန်လုပ်တာက တစ်ကြောင်းပါ၊ဒါပေမဲ့ နင် ဘယ်လိုလုပ် ငါ့ရဲ့အပြစ်ကင်းတဲ့ လုပ်ဖော်ကိုင်ဖက် တွေကို ပြဿနာရှာနေရတာလဲ”

လူအုပ်ကြီးလည်း ရှင်းဟယ်ကို ဆန့်ကျင်သည့်ဖက်သို့ ပြန်ရောက်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ရှင်းဟယ် ပြဿနာရှာလိုက်တာ သူတို့လုပ်ဖော်ကိုင်ဖက် ဖြစ်တာကြောင့် ဖြစ်သည်။

သို့သော် ရှင်းဟယ်က လူအုပ်ကြီး စိတ်ဆိုးသွားသည်ကို မကြောက်ပေ။ သူမ
လမ်းတွင် တမင်ရည်ရွယ်ပြီး ရှိနေသည့်အစိုင်အခဲများကို ဖယ်ရှားပစ်ရန် သူမ တုံ့ဆိုင်းနေမည် မဟုတ်ပေ။

ကိုယ့်ရန်သူကို ကြင်နာလိုက်တာက ကိုယ့်ကိုယ်ကိုယ် ရက်စက်လိုက်တာပဲ။

သူမ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး လူအုပ်ကြီးကို ပြောလိုက်သည်။ သူမ တည်ငြိမ်စွာ မေးလိုက်သည်။

“အားလုံးက ကျွန်မ စည်းကျော်သွားတယ်လို့ ထင်ကြတာလား”

“သိသာနေတာပဲ မဟုတ်ဘူးလား” ဟု ရို့ပင်းက ပြစ်တင်ဝေဖန်လိုက်သည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now