အခန်း ၂၉၀။ သူတို့ရဲ့ အိုင်ကျူနဲ့ နင်းခြေခံလိုက်ရ
သူမ နည်းနည်း ရှင်းပြလိုက်ရုံဖြင့် သူတို့ အားလုံးကို ဖော်ထုတ်သွားနိုင်ကြလေသည်။ သူမလှည့်ကွက်ကို ခဏလေးနှင့် ပေါ်သွားသည်မှာ မထူးဆန်းချေ။ အဘယ်ကြောင့်ဆိုသော် သူတို့က မူမမှန်မှုများအားလုံးကို မေးခွန်းထုတ်ပြီး ရင်ဆိုင်ဖြေရှင်းရန် အသင့်ဖြစ်နေကြသည်။
“ဟုတ်ပါတယ်၊ ဒေါက်တာလုက ကျွန်မကို ကူညီပေးခဲ့တာ။ ရှင်းဟယ်က ဦးနှောက်အကျိတ် ဖြစ်နေတာမဟုတ်ပါဘူး၊ အဲဒါက မှတ်ဉာဏ်ဆဲလ်လေးပါ”
ရှမုန့် ရှင်းပြပြီးနောက် သူမ ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး ကျသွားတော့သည်။
သို့သော် သူမ ဝမ်းနည်းလာသည်။ ခေတ်မှီနည်းပညာအကူအညီနှင့်ပင် သူမ၏ ကံကြမ္မာက ပြောင်းမသွားချေ…
သူမက အရှုံးသမားဖြစ်ပြီး တစ်သက်လုံး ဖြစ်သွားမည်ဖြစ်၏။
“နင့်မှာ အဲလောက် လေးစားဖို့ကောင်းတဲ့ဟာရှိနေတာကို ဘာလို့ နင့်အကြာကြီး သိမ်းထားရတာလဲ။ ဒီလောက်အရေးကြီးတဲ့ အရာတစ်ခုနဲ့ဆို နင် ကြိုက်တာ တောင်းလို့ရမယ်လို့ထင်တယ်၊ ဒါမှမဟုတ် မှတ်ဉာဏ်ဆဲလ်မှာ အကန့်အသတ်တို့ ဒါမှမဟုတ် အနာအဆာတွေများရှိနေလို့လား” ဟု ရှင်းဟယ်က ရုတ်တရက်မေးလာသည်။
ရှမုန့် ရှင်းဟယ်ကို ခေါင်းမော့ကာ ကြည့်လိုက်ပြီး သူမမျက်လုံးတွင် မယုံကြည်မှုများနှင့်ပင်၊ သူမက ၎င်းကို အသေးစိတ်သိသွားလေသည်။ သူမက ရှင်းဟယ် ဖြစ်မလာနိုင်ဘူးဟူ၍ ပြောတာထူးမဆန်းပေ…
မုပိုင်က သူမကို စိုက်ကြည့်လျက် “လုချီက မင်းကို ဘာလို့ ကူညီပေးတာလဲ။ နင် သူ့ကို မှတ်ဉာဏ်ဆဲလ်သုတေသနကို မျှပေးမယ်လို့ ကတိပေးထားလို့လား” ဟု မေးလိုက်သည်။
ရှမုန့် မဖြေလိုက်နိုင်ခင်၌တင် ရှင်းဟယ်က “နင်ပြောပုံအရဆို မှတ်ဉာဏ်တွေ ပြန်လဲဖို့ဆို ငါတို့က မှတ်ဉာဏ်ဆဲလ်ကို ထပ်ပြီး အားကိုးရဖို့လိုလား၊ ဒါမှမဟုတ် နဂိုမှတ်ဉာဏ်တွေကို ပြန်ထုတ်ဖို့ ငါတို့ ဦးနှောက်ထဲက ပြင်ပမှတ်ဉာဏ်ဆဲလ်ကိုဖျက်ဆီးနိုင်လား”
ANDA SEDANG MEMBACA
ဝေးလွင့်ပြီးသော အတိတ် (၂)
Cintaကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...
