အခန်း ၃၁၂

914 67 2
                                    

အခန်း ၃၁၂။ ဟာသ တစ်ခုလို

“ကျွန်မ ကျိန်တယ်။ ရှီးအင်ပါယာက ရှင့်ကို တရားမစွဲတော့အောင် ကူပေးမယ်”

ရှင်းဟယ်က ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်သည်။

ယဲ့ရှန်းက နောက်ဆုံးတွင် ချွေးသိပ်သွားတော့သည်။

“ဘာပဲဖြစ်ဖြစ် မင်း ကိုယ်နဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ ထပ်ပြောရရင် ကမ္ဘာပျက်ရင် ငါဒီမှာ မသေချင်ဘူး”

“ရှင် အဲအချိန်ထိ အသက်ရှင်မယ်ဆိုရင် သေချာတာပေါ့၊ ကျွန်မ ရှင်နဲ့ ပူးပေါင်းဖို့ကို စိတ်ထဲ မထားပါဘူး။ သေချာတာကတော့ ရှင်ပြောတဲ့ အကြောင်းတွေက ကျွန်မကို လိမ်နေတာ မဖြစ်ဖို့ပဲ”

အချို့သော အကြောင်းပြချက်များကြောင့် ယဲ့ရှန်းက သူမပြောသမျှ အရာရာတိုင်းကို သံသယ မရှိဘဲ လက်ခံခဲ့သည်။ ထိုမှလွဲပြီး တခြားရွေးချယ်စရာ သူ့တွင် ရှိသေးသည်လော။ သူမက သူ၏ အရေးပါမှုပင် ဖြစ်သည်။ သူသည် ဤနေရာမှ လွတ်မြောက်ရန်အတွက် တစ်ဆယ့်ငါးနှစ်အတွင်း ပြင်ဆင်မှုများ ပြုလုပ်ရန်အတွက် သူမ၏ အကူအညီ ရရန် လိုအပ်ပေသည်။ သူလွတ်မြောက်သည့် အခါ ငွေလုံးဝ မရှိတာ ဖြစ်နိုင်သော်ငြား အနည်းဆုံးတော့ ထောင်နန်းစံရသည်ထက်တော့ ကောင်းပေသည်။

ထပ်ပြောရပါက သူ့တွင် သူ့အစီအစဉ်သူ ရှိပြီးသာ ဖြစ်သည်။

ယဲ့ရှန်းသည် ရှင်းဟယ်ထံမှ နှုတ်ကတိကို ရပြီးနောက် သူသည် ပူးပေါင်းပြီး သူသိသမျှ အရာအားလုံးကို လျစ်ဟပြတော့မည် ဖြစ်ပေသည်။

“အနက်ရောင် သေတ္တာက စွမ်းအင်ခရစ်စတယ်”

သူက သူမကို အမှန် ပြင်ပေးလိုက်သည်။

ရှင်းဟယ် အံ့အားသင့်သွားသည်မှာ မြင်နိုင်ကာ

“ဘာစွမ်းအင် ခရစ်စတယ်လဲ”

ယဲ့ရှန်းက သူမ၏ ခုခံမှုကို ကျော်ဖြတ်နိုင်ပြီဟု ဘဝင်ခိုက်လျက် ပြုံးကာ

“စွမ်းအင်ခရစ်စတယ်က လွန်းပျံယာဉ်ကို ဓာတ်အားပေးတဲ့ဟာ။ အဲဒါ မရှိဘဲနဲ့ ငါတို့တွေ ဒီကမ္ဘာကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now