အခန်း ၂၄၇။
မင်းတို့လက်ထပ်ပွဲကို ဘယ်သူမှ တားမှာမဟုတ်တော့
မစ္စတာရှီးလည်း ချီးမွန်းလေသည်။
သခင်မရှီးပင် သူမကို ရင့်ကျက်စွာ ဆက်ဆံလာ၏။
သို့သော် သူမကိုယ်သူမ နှိမ့်ချပြီး သူမအမှားများကို ဝန်ခံရန်တောင် ခက်ခဲနေ၏။ သူမက နူးနူးညံ့ညံ့ဖြင့် ဝင်ပြောလာသည်။
“ရှင်းဟယ်၊ နင့်ရဲ့ ဒီဇိုင်းက တကယ် လေးစားစရာပဲ။ တော်တယ်”
ရှီးမိသားစုတစ်စုလုံးက သူမအပေါ် ဆက်ဆံပုံက လုံးဝပြောင်းသွားသည်။
ယခု သူတို့အားလုံး သူမအပေါ်ကောင်းကြလေသည်။
သို့သော် ရှင်းဟယ်မျက်နှာထားမှာ မပြောင်းချေ၊ တည်တည်ငြိမ်ငြိမ်ပင်၊ သူမ
ရှီးမိသားစုနှင့် တကယ် မပတ်သက်ချင်သည်ကို ပြနေတော့သည်။“လူကြီးမင်းရှီးက ကျွန်မဒီဇိုင်းမှာ အမှားမရှိဘူးဆိုတာ အတည်ပြုပြီးပြီဆိုတော့ကျွန်မတို့ စကားနှင့် ကတိကဝတ်ပြုထားတာကို တည်ပေးဖို့ မျှော်လင့်ပါတယ်”ဟု ရှင်းဟယ်က လူကြီးမင်းရှီးကို ပြောလိုက်သည်။
လူအုပ်က အံ့ဩမှင်သက်နေသည်။
သို့မှသာ ရှင်းဟယ် ထိုပြဿနာများကို ဖြေရှင်းရသည့် တစ်ခုတည်းသော
အကြောင်းပြချက်က လင်းလင်း၏ အုပ်ထိန်းခွင့်ဆိုသည်ကို သူတို့ သတိရသွား၏။သူမ မလုပ်နိုင်ဘူးအထင်ဖြင့် သူမစျေးမဆစ်နိုင်စေရန် အဘိုးရှီးက ကတိပေးခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အကယ်၍ သူမလုပ်နိုင်သွားရင်တောင် ၎င်းကို ရှောင်ရန် သူ့တွင်
အကြံရှိလေသည်။အဘိုးရှီးက ရုတ်တရက် ရယ်လာပြီး မျက်နှာပြောင်တိုက်ကာ
“ရှင်းဟယ်၊ ငါ့ကို ခုချိန်ကစပြီး အဘိုးရှီးလို့သာ ခေါ်တော့၊ တကယ်တော့ လင်းလင်းကို
အဝေးကို ခေါ်သွားမဲ့အစား မင်းမုပိုင်နဲ့ ပြန်ပေါင်းဖို့ စဉ်းစားဖူးလား။ မင်းတို့ ပြန်လက်ထပ်မှာကို ဘယ်သူမှ မတားစေရဘူး။ မင်းကို ကတိပေးတယ်” ဟုပြောလာသည်။
YOU ARE READING
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...