အခန်း ၂၉၄။ တစ်လပဲ အချိန်ပေးမယ်
မုပိုင်နှင့် လုချီ နှစ်ယောက်သား သူမ၏ ကတိကြောင့် အံ့အားသင့်သွားသည်။
လုချီ၏ မျက်နှာက ချက်ချင်းပင် လက်သွားကာ
“ကျွန်တော် ဘဝနဲ့ ကျိန်ဆိုပါတယ်။ ကျွန်တော် မစ္စရှကို နဂိုအတိုင်း ပြန်ရောက်အောင် လုပ်ပေးပါမယ်”
“မန်မိုရီဆဲလ်ကို အခုပဲ ဖယ်လိုက်တော့”
မုပိုင်က ရုတ်တရက် ပြောလိုက်သည်။
သူ့အနေဖြင့် စိတ်မရှည်တော့ပေ။ သူမ၏ ခန္ဓာကိုယ်ထဲသို့ ရှင်းဟယ်ကို ချက်ချင်းပင် ပြန်ရောက်စေချင်ပြီပင်။
ဖြစ်ချင်တော့ သူတို့၏ ဆက်ဆံရေးအရ မုပိုင်သည် ဆုံးဖြတ်ခွင့်ကို ချနိုင်သည့် သူ တစ်ယောက် မဟုတ်ပေ။
“မဖြစ်နိုင်ဘူး”
ရှင်းဟယ်က သူ၏ ဆုံးဖြတ်ချက်ကို တစ်ချက်မှ မစဉ်းစားပဲ ဗီတိုဖြင့် ပယ်ချလိုက်တော့သည်။
“ကျွန်မအနေနဲ့ ကျွန်မရဲ့ မှတ်ဉာဏ်ဟောင်းတွေကို အထိမခံနိုင်ဘူး”
သူမအတွက် မှတ်ဉာဏ်တစ်ခုချင်းဆီတိုင်းက အရေးပါပေသည်။ ထိုမှတ်ဉာဏ်များက သူမကို ပုံသွင်းခဲ့တာ ဖြစ်သည်။ သူမအနေဖြင့် မှတ်ဉာဏ် တစ်ခုကိုတောင် ဆုံးရှုံးခဲ့လျှင်တောင် သူမအနေဖြင့် ဘဝ၏ တစ်စိတ်တစ်ပိုင်း ပျောက်ဆုံးနေသည်ဟု ခံစားရမည်ပင်။ သူမသည် မပြည့်စုံသည် မှတ်ဉာဏ်ကို နှစ်သက်ခြင်း မရှိပေ။
“ဒါပမဲ့ တကယ်လို့ မန်မိုရီဆဲသုတေတန ပြုချက်က ကြန့်ကြာနေတာပြီးတော့ မအောင်မြင်ဘူးဆိုရင်ကော”
မုပိုင်က စိုးရိမ်မှုကြောင့် မေးလိုက်တော့သည်။
“မင်း ဒီလိုပဲ တစ်သက်လုံး နေသွားမှာလား”
“ဘာလို့ နေမှာလဲ။ တကယ်လို့ နောက်လမှာ တိုးတက်မှု တစ်ခုခုမရှိဘူးဆိုရင် ကျွန်မတို့ အနေနဲ့ တခြားနည်းလမ်းကို ပြောင်းလုပ်ကြတာပေါ့”
ရှင်းဟယ်က မုပိုင်ကို ကြည့်ကာ ပြောလိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် ဆုံးဖြတ်ချက် ခိုင်မာသည့် အရိပ်အယောင်များကို မုပိုင် မြင်နိုင်၏။ သူမသည် အလေးအနက်ထားကာ သူမ၏ ဆုံးဖြတ်ချက်ကို တစ်ယောက်ယောက်ကမှ ပြောင်းလဲနိုင်ခြင်း မရှိပေ။
YOU ARE READING
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...
