အခန်း ၃၁၃

897 51 1
                                    

အခန်း ၃၁၃။ အမှောင်ထဲမှ အရိပ်များ

ယဲ့ရှန်းက ပြောစရာမရှိအောင်ကို ကြက်သေသေကာ ငြိမ်သက်သွားတော့သည်။

“အဲဒါထက် ငါတို့ အဖေတွေနှစ်ယောက်စလုံးက တီမြို့တော်မှာ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကနေ ပေါ်လာပြီးတော့ လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်တုန်းက ပျောက်သွားတယ်ဆိုတာ တိုက်ဆိုင်လွန်းတယ်လို့ မစဉ်းစားမိဘူးလား။

“...”

“နင့်မှာရှိတဲ့ အရာက အလွန်ကို သေးလွန်းတဲ့ပဟေဠိအပိုင်းအစတစ်ခုသာသာပဲ ”

ယဲ့ရှန်း၏ မျက်နှာက ကျသွားတော့သည်။ ရှင်းဟယ်က ရယ်လိုက်ကာ

“ဒါကြောင့်မလို့ပဲ အမှန်တရားက ရှင်ပြောသလို ဟုတ်ချင်မှဟုတ်မှာ၊ အချက်အလက်တွေ အကုန်လုံး မရှာဖွေသေးရခင်တော့ သီအိုရီတိုင်းက မှန်းချေသက်သက်ပဲ။ ရှင့်ရဲ့ဟာ အပါအဝင်ပေါ့”

“မဟုတ်ဘူး။ မင်းမှားနေပြီ”

ယဲ့ရှန်း၏ မျက်လုံးများက သူမကို စိုက်ကြည့်လိုက်သည်။

“ပါးက ငါ့ကို လိမ်မှာမဟုတ်ဘူး။ သူက လွန်းပျံယာဉ်ကို ယူပြီးတော့ ကမ္ဘာမြေပြင်ကနေ ထွက်သွားပြီ”

“ရှင့်ရဲ့ ယူဆချက်မှာတော့ ရှင်ပြောတာက မှန်နေမှာပဲ။ ကမ္ဘာကြီးပျက်သုဉ်းတာကလွဲပြီးတော့ တခြားအကြောင်းပြချက်နဲ့ သူထွက်သွားတာရော မဖြစ်နိုင်ဘူးလား၊   ကမ္ဘာပျက်ဟောကိန်းဆိုတာ အသစ်မှ မဟုတ်တာ။ သူ့အနေနဲ့ အဲဒီဟောချက်တည်ရှိမရှိကို အတည်ပြုဖို့အတွက် သတင်းအချက်အလက်တွေ သွားရှာတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အဲဒါနဲ့ လုံးဝကွဲပြားလိမ့်မယ်။ သူတို့တွေက အရေးကြီးတာ တစ်ခုခုကို တွေ့သွားတာလို့ ကျွန်မ ယုံတယ်၊ အဲဒါကို အောက်ခြေထိ သွားစူးစမ်းတာပေါ့။  ရှင့်အနေနဲ့ ဖြစ်ရပ်မှန်ကို သိချင်တယ်ဆိုရင်တော့ ကျွန်မနဲ့ ပူးပေါင်းရမယ်။ ဒီတော့ အခုပြော ရှင့်စွမ်းအင် ခရစ်စတယ်က ဘယ်မှာလဲ”

ယဲ့ရှန်းက မှုန်ကုပ်ကုပ် ရယ်မောကာ

“ဘယ်လိုပဲဖြစ်ဖြစ် မင်းကို ငါ ပြောပြမှာ မဟုတ်ဘူး၊ ဒါက ငါ့အတွက် နောက်ဆုံးညှိနှိုင်းလို့ ရတဲ့ အရာပဲ။ ငါမင်းကို ကမ္ဘာကြီး ပျက်သုဉ်းသွားတဲ့အချိန် ရောက်မှပဲ ပေးနိုင်မယ်။ အခုလိုချင်တာလား။ မဖြစ်နိုင်တာ”

ဝေးလွင့်ပြီးသော အတိတ် (၂)Tempat cerita menjadi hidup. Temukan sekarang