အခန်း ၃၀၇

819 58 1
                                    

အခန်း ၃၀၇။ ပြစ်ဒဏ်

“ဘဏ်ကနေ ရလာတဲ့တစ်ခုတည်းသောအရာက ခင်ဗျား တရားမဝင် လုပ်တာတွေရဲ့ ခြေရာလက်ရာတွေပဲ ရထားတယ်။ ငွေတွေ ခင်ဗျားအကောင့်ထဲကို ရောက်သွားပြီး ခင်ဗျားက မတိုင်ကြားခဲ့တဲ့အပြင် ခင်ဗျားရဲ့ ကော်ပိုရေးရှင်းအကောင့်ထဲကို လွှဲလိုက်တယ်။ အဲတော့ ခင်ဗျား အဲငွေတွေနဲ့ ဘာမှမဆိုင်ဘူးလို့ ဘယ်လိုလုပ်ပြောရဲရတာလဲ”

“ဒါပေမဲ့ ငါနဲ့တကယ် ဘာမှမဆိုင်ဘူး၊ ငွေတွေကို ရှမုန့်ကပေးခဲ့တာ။
အဲအပျက်မဆိုမှ သူနဲ့ တွေ့ခွင့်ပေး။ သူနဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်မယ်။ သူက သူ့ရည်းစားရှီးမုပိုင်နဲ့ပေါင်းကြံပြီး ငါ့ကို ချောက်ချနေကြတာ” ဟု ယဲ့ရှန် အော်လေသည်။

ရဲအရာရှိက ထပ်မံပြီး လှောင်ပြုံးပြုံးလိုက်သည်။ “အတော်ပဲပေါ့၊ မစ္စရှကလည်း
ခင်ဗျားကို အိမ်ထောင်သက်အတွင်း အိမ်တွင်းအကြမ်းဖက်မှုနဲ့ တရားစွဲထားတယ်။ ဆေးရုံက သူမရဲ့ဒဏ်ရာဟောင်း မှတ်တမ်းတွေကို သိမ်းထားပေးပြီး သူမက အခု ခင်ဗျားက သူမကို တမင်ဒဏ်ရာရအောင်လုပ်မှုနဲ့ သူမကို မသန်မစွမ်းဖြစ်အောင်လုပ်တဲ့အမှုအတွက် ခင်ဗျားကို
တရားဝင် တရားစွဲထားတယ်”

ယဲ့ရှန် ကြောက်ရွံ့လာပြီး မယုံမကြည်နိုင်ဖြစ်လာကာ မျက်လုံးများပြူးကျယ် လာသည်။ သူချောက်နက်ထဲသို့ ကျသွားသကဲ့သို့ ခံစားရသည်။ ယမန်နေ့ကပင် ကမ္ဘာကြီးက သူ့ခြေထောက်အောက်၌ ရှိနေခဲ့ပြီး ယနေ့တော့ တစ်ကမ္ဘာလုံးက သူ့ကို လျစ်လျူရှုလိုက်လေသည်။

‘ဒါ ဟိုအပျက်မရဲ့အကြံပဲဖြစ်ရမယ်။ သူက ငါ့ကိုအစကတည်းက အရူးလုပ်သွားတာပဲ။ သူက ငါ့ကို ဒီလိုဆွဲချချင်တယ်ပေါ့’

ယဲ့ရှန် လက်သီးကို တင်းတင်းဆုပ်ထားပြီး မျက်လုံးများမှာ လူသတ်ချင်စိတ်အပြည့်ဖြစ်နေသည်။

“ရှမုန့် မင်းကများ ငါ့ကို ထောင်ချောက်ဆင်ရဲသေးတယ်၊ မင်း ပြန်ပေးဆပ်ရအောင်ကိုလုပ်ဦးမှာ”

သူ့နောက်မှ ရဲအရာရှိက သူခေါင်းကို အနောက်မှ အားပြင်းပြင်းဖြင့်
လှမ်းရိုက်လိုက်သည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Donde viven las historias. Descúbrelo ahora