အခန်း ၃၂၂။ ထွက်ပြေးရမဲ့အချိန်
အဘယ်ကြောင့်ဆိုသော် အမျိုးသမီးက ရှီးမုပိုင်နှင့် ပတ်သက်နေပုံရပြီး ရှီးမုပိုင်က သူမကို လိုက်ရှာနေကြောင်း သူ့လူများက သတင်းပို့လာသောကြောင့်ဖြစ်၏။
သူ ရှီးမိသားစုကို မျက်နှာချင်းဆိုင်ရန် အရမ်းစောလွန်းနေသေးသည်။
"ကျေးဇူးပြုပြီး စိတ်မပူပါနဲ့၊ ကျွန်တော်တို့ လုပ်ရမှာကို သိပါတယ်" ဒေါက်တာက ထပ်တလဲလဲ ခေါင်းညိတ်လာသည်။
ထိုအမျိုးသားက ကျေနပ်သွား၍ ခေါင်းပြန်ညိတ်ပြလိုက်သည်။
"အခုသွားလို့ရပြီ"
"ဟုတ်ကဲ့ ဆာ"
ထိုလူက ဒေါက်တာ ထွက်သွားသည့်တိုင် ထိုနေရာ၌သာ နေနေ၏။ သူက အိပ်ရာပေါ်၌ လဲနေသည့် ရှင်းဟယ်ကို စေ့စေ့စပ်စပ် ကြည့်နေလေသည်။ လူအုပ်ထဲတွင် အလွယ်တကူ ပျောက်သွားနိုင်သည့် သာမန်ရုပ်ရည် ရှိလေသည်။ ထိုကဲ့သို့ မထင်မရှားအမျိုးသမီးက ယခုကဲ့သို့ တက်ကြွလှသော အကျင့်စရိုက် ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားချေ။ သူမတွင် တုပ၍မရသော၊ ပြင်းထန်သော စိတ်ဓာတ် ခွန်အားရှိလေသည်။ အလွန်ထူးခြားသော အမျိုးသမီးတစ်ဦးပင်။
ထိုလူက ၎င်းကို သိလိုက်ရ၍ အမှန်တကယ်အံ့ဩသွား၏။ သူမက သူ့ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ခံစားရမည့်အစား ကိုယ့်ကိုယ်ကိုယ် သတ်သေလေသည်။ ထိုကဲ့သို့သော အခြေအနေမျိုး၌ သူမက သေကြောင်းကြံရန် တွေးနိုင်သည့် စိတ်အခြေအနေမျိုး ဖြစ်နေသေး၏၊ သူမက တကယ့်ကို တစ်ခုခုပင်။
သူမ သေကြောင်းကြံရခြင်းမှာ ကြောက်လွန်း၍ (သို့) အားနည်းတာကြောင့် မဟုတ်မှန်း သူ နားလည်လေသည်။ သူမက သူ့ထံ၌ အညံ့ခံမည့်အစား သေခြင်းကိုသာ ရွေးမည်ဖြစ်၍ ၎င်းက သူ့ကို စော်ကားလိုက်ခြင်းဖြစ်၏။
၎င်းက သူမ၏ လုံးဝလွတ်လပ်မှုကို ပြနေသည့်အရာဖြစ်သည်။ သူမဆီမှ သူ လုံးဝလုယူ၍မရနိုင်သောအရာဖြစ်၏။
၎င်းက ထိုလူ့ကို ဒေါကန်သွားစေမည်ဟု ရှင်းဟယ်ထင်ခဲ့သော်လည်း သူမ မှားသွား၏။ ထိုလူကို စိတ်ဝင်စားသွားစေသည်။ သူမသာ စွမ်းအင် ခရစ္စ်တယ်၏ တည်နေရာကို ပြောပြပေးပါက သူက သူမကို အသက်ရှင်လျက် ပြန်လွှတ်ပေးလိုက်ရန်ကိုပင် စဉ်းစားလေသည်။

ŞİMDİ OKUDUĞUN
ဝေးလွင့်ပြီးသော အတိတ် (၂)
Romantizmကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...