အပိုင်း ၂၇၁

1.3K 85 3
                                        

အပိုင်း၂၇၁။

လူဖြစ်ရကျိုး မနပ်တဲ့ဘ၀

မစ္စယဲ့သည် ညစ်ပတ်သည့်အရာတစ်ခုကို ထိနေရသလို တုံ့ပြန်လိုက်သည်။ သူမက မျက်မှောင်ကြုတ်ကာ အန်တီတင်းကို အမိန့်ပေးလိုက်တော့သည်။

“ယူခဲ့။ အဲဒီအိုးကို မကျော်ဘူးဆိုရင် ဂြိုလ်ဆိုးမကို အိမ်ထဲဝင်ခွင့်မပေးနဲ့”

အကြီးဆုံးချွေးမသည် ကာလရှည်ကြာ နာမကျန်းဖြစ်ပြီး အိမ်ပြန်ရောက်လာသည့်အချိန်၌ သူမက်ု ပထမဆုံး ဆီးကြိုနေသည်က စိုးရိမ်ပူပန်မှု မဟုတ်ဘဲ ကရုဏာမဲ့မှုသာ ဖြစ်သည်။ ရှင်းဟယ်က ရှမုန့်တွင် ကောင်းမွန်သည့် ဘဝမရှိကြောင်း သေချာ သိနေပေသည်။ အန်တီတင်းက အိုးတစ်လုံး အမြန်သွားယူလိုက်သည်။ ထိုအိုးက ကြီးပြီး အိုးထဲတွင် အဆောင်များ အရွက်ခြောက်များ ရှိနေပေသည်။ သူတို့က ရှမုန့်ကို မကောင်းဆိုးဝါးဝိညာဉ်နှယ် အမှန်တကယ် ဆက်ဆံနေကြတာဖြစ်သည်။

“မီးညှိလိုက်”

ယဲ့ချင်က စိတ်လှုပ်ရှားစွာ အမိန့်ပေးလိုက်သည်။ အန်တီတင်းက အမိန့်ပေးသည့်အတိုင်း ဝမ်းသာစွာ ဆောင်ရွက်လိုက်ရာ အိုးထဲရှိအရာများက ဟုန်းကနဲ မီးထလောင်တော့သည်။ မီးညွှန့်များက ချက်ချင်းတက်လာပြီး လူကြီးတစ်ယောက်၏ အရွယ်အစားတစ်ဝက်နီးပါးအထိ တက်လာသည်။

“မြန်မြန်ကျော်နင်းလိုက်”

ယဲ့ချင်သည် လုပ်ပိုင်ခွင့်များစွာ ရထားသည့် အခုရှိတိုင်းရနိုင်သော ကလေးတစ်ယောက်သဖွယ် တောင်းဆိုလိုက်သည်။

ကျော်ဖြတ်ရမှာလား။

ရှင်းဟယ်က မဲ့ပြုံးပြုံးလိုက်သည်။ အထဲတွင် မီးညွှန့်များရှိနေသေးပြီး အိုး၏ အရွယ်အစားတစ်ခုထဲကပင် သာမာန်လူတစ်ယောက် ဖြတ်ကျော်ရန် ခက်ခဲနေကာ သူမကဲ့သို့ ဒုက္ခိတဆို ပိုဆိုးနေပေသေး၏။ ယင်းက သူမကို အရှက်ခွဲရန် တမင်တကာ လုပ်နေတာပဲဖြစ်သည်။

“ရှမုန့် အဲဒီမှာ ဘာကြောင်ရပ်နေတာလဲ။ မြန်မြန်ကျော်နင်းလိုက် မဟုတ်ရင် ဒီအိမ်ထဲ ဝင်ခွင့်မရှိဘူး”

ယဲ့ချင်က သူမကို ရိုင်းစိုင်းစွာ အမိန့်ပေးလိုက်သည်။

မစ္စယဲ့ကလည်း အကြင်နာတရားမဲ့စွာ ထပ်ထည့်ပြော၏။

ဝေးလွင့်ပြီးသော အတိတ် (၂)Tempat cerita menjadi hidup. Temukan sekarang