အခန်း ၂၅၂

1K 80 0
                                    

အခန်း ၂၅၂။

အရိုင်းစိတ်ဝင်ခြင်း

ရှင်းဟယ်၏ အထက်ပိုင်းခန္ဓာကိုယ် ခွန်အားက ခံနိုင်ရည် ရှိမည် မဟုတ်သောကြောင့် ဤအတိုင်း ရေရှည် မသွားနိုင်ပေ။ သိုလှောင်ရုံ အတွင်းပိုင်း၌ ဘာမျှ မရှိ ကြမ်းပြင်ပေါ်တွင် ဖုန်များသာ ရှိသည်။ ကုတ်အားအဖြစ် အသုံးပြုနိုင်ရန် လုံလောက်သည့် မျက်နှာပြင်ကို ရှာမတွေ့နိုင် ဖြစ်နေသည်။ အမြန်ဆုံး အရှိန်ဖြင့်တောင် မုပိုင်က ဤနေရာသို့ ရောက်ရန် ဆယ့်မိနစ် ဆယ့်ငါးမိနစ်ခန့် လိုအပ်ပေသည်။ သူမသည် အကြာကြီး တောင့်ထားနိုင်မှာ မဟုတ်ပေ။ အောက်တွင် ဆာလောင်နေသော အမဲလိုက်ခွေးနှစ်ကောင်က အရိုင်းဆန်သည့် အခြေအနေတွင် ရှိနေသည်။ သူတို့က သူမ၏ ခြေကျင်းဝတ်ကို ကိုက်လုနီးးပါး ဖြစ်နေ၏။ သူတို့ အမြင်တွင် ရှင်းဟယ်က အရသာရှိသည့် အသားစ တစ်စသာ ဖြစ်နေသည်။ အကိုက်ခံရပြီး ဆွဲချခံလိုက်ရပါက သူမ၏ အဆုံးသတ်ဖြစ်သွားမည်မှန်း သိနေသည်။ သူမသည် ကိုယ်ခံ ပညာ တစ်ချို့ကို သိသော်ငြား ဤကဲ့သို့ ခွေးကြီးနှစ်ကောင်ကို ဖြေရှင်းနိုင်ပါ့မလားဆိုတာ သံသယ ဖြစ်မိသည်။

ရှင်းဟယ်က အံကြိတ်ပြီးနောက် မှန်ပြတင်းကို ပြင်းထန်စွာ ထိုးလိုက်၏။ ၎င်းက ဗန်းခနဲ အသံဖြင့် အစိတ်စိတ် အမြွှာမြွှာ ကွဲသွားတော့သည်။

ရုတ်တရုက် ဆူညံသံက ခွေးနှစ်ကောင်ကို လန့်သွားစေပြီး သူတို့က အနောက်သို့ အလိုလို ဆုတ်သွားကြသည်။

ရှင်းဟယ်သည် ထိုအခွင့်အရေးကို ယူပြီးနောက် မှန်ကွဲစကို ကိုင်လျက် အောက်သို့ ခုန်ချလိုက်သည်။ သူမ အောက်သို့ ရောက်သည်နှင့် အမဲလိုက်ခွေးနှစ်ကောင်က သူမဆီ တိုးဝင်လာ၏။ ရှင်းဟယ်က မရှောင်ပေ။ ခွေးတစ်ကောင်၏ ပါးစပ်က ဟပြီး သူမ လည်ပင်းကို ခဲရန် ကြိုးစားချိန်၌ ၎င်း၏ မျက်လုံးကို ဖန်ခွဲစဖြင့် ထိုးစိုက်လိုက်တော့သည်။

အမဲလိုက်ခွေးသည် နာနာကျင်ကျင် အော်သံဖြင့် မြေကြီးပေါ် လဲကျသွားပြီးနောက် ကြမ်းပြင်ပေါ်၌ ရူးသွပ်စွာ လူးလိမ့်နေတော့သည်။

ရှင်းဟယ်က သူမ၏ ခြေသလုံးကို အောင်မြင်စွာ ကုတ်ခဲလိုက်နိုင်သော ကျန်သည့် အမဲလိုက်ခွေး တစ်ကောင်ကို ဖြေရှင်းရန် အချိန်မရှိပေ။ ရှင်းဟယ်က လွတ်နေသည့် ခြေတစ်ဖက်ကို မြှောက်ပြီးနောက် ဝံပုလွေကို ပြင်းထန်စွာ ကန်ကြောက်လိုက်တော့သည်။ ဝံပုလွေက လွင့်ထွက်သွားသော်ငြား ရှင်းဟယ်၏ ခြေသလုံးသား တစ်ဖဲ့ ပါသွား၏။ ရှင်းဟယ်၏ ဘောင်းဘီသည် သွေးချင်းချင်း ရဲသွားတော့၏။

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now