အခန်း ၂၄၀။
အော်သံ တစ်သံ
ဆိုရလျှင် ရို့ပင်းက ရှီးသခင်မကြီး၏ မွေးစားမြေး ဖြစ်ပေသည်။ သူတို့ နှစ်ပေါင်းများစွာ အတူ ဖြတ်သန်းလာသည့် မှတ်ဉာဏ်များ ရှိပေသည်။ ခံစားချက် ချည်နှောင်မှုက နက်ရှိုင်းလွန်းပေသည်။ ရှီးသခင်မကြီးက သူမကို ခွင့်လွှတ်လွန်းလျှင် ရို့ပင်းက အထိခိုက် မရှိ လွတ်မြောက်သွားပေလိမ့်မည်။ ထို့ကြောင့် ရှင်းဟယ်သည် ရို့ပင်း ကျသာစေရန် စင်တစ်ခု တည်ဆောက်ပေးရမည် ဖြစ်သည်။
သူမသည် ရို့ပင်းကို ရွေးချယ်ခွင့်ပေးခဲ့သည်။ သူမ အမှားကို ဝန်ခံလျှင် ဝန်ခံ မဟုတ်လျှင် သူမ၏ မှားယွင်းသော ဗဟုသုတဖြင့် အရှက်မရှိ ဆက်သွားမှာပဲ ဖြစ်သည်။ ရို့ပင်းက အရှက်မဲ့ ရန် ရွေးချယ်ခဲတော့၏။
မတော်တဆ အမှားများကို ခွင့်လွှတ်နိုင်သော်ငြား မှားနေမှန်း သိပြီး ဆက်လုပ်လျှင် မည်သို့ ဖြစ်မည်နည်း။ ထိုလူများသည် ခွင့်လွှတ်ရန် မထိုက်တန်ပေ။
ရှင်းဟယ်က ထိုချို့ယွင်းချက်ပါသော ထုတ်ကုန်သည် ရှီးသခင်မကြီးကို ထိုခိုက်ဒဏ်ရာ ရစေပြီး ထိုနည်းပါးသော ဒဏ်ရာသည် သူမ၏ မွေးစားမြေးကို စိတ်ပျက်ပြီး ဒေါသထွက်စေမည်မှန်း ရှင်းဟယ် သေချာပေါက် သိနေပေမည်။ မည်သည့်နည်းနှင့် မဆို ရှီးသခင်မကြီးက ရို့ပင်းက ခွင့်လွှတ်ချင်လျှင်တောင် သူမ၏ ခင်ပွန်းဟောင်းက ခွင့်လွှတ်မှာ မဟုတ်ပေ။ ထိုနည်းတူ ရှီးမိသားစု တစ်စုလုံးက ခွင့်လွှတ်ကျမှာ မဟုတ်ပေ။
ရှီးမိသားစု၏ ထောက်ပံ့မှု ဆုံးရှုံးသွားပြီးနောက် ရို့ပင်းအဖို့ သူမ၏ ဆုံးရှုံးမှုကို ပြန်လည် ရယူနိုင်ဖို့က ခက်ခဲသွားမှာပဲ ဖြစ်သည်။ ယင်းက ရှင်းဟယ်၏ အစီအစဉ် တစ်ရပ် ဖြစ်ပေ၏။ သူမ၏ ရန်သူကို နလန် ပြန်မထူနိုင်အောင် တစ်ချက်တည်းဖြင့် ပွဲသိမ်းတာပဲ ဖြစ်သည်။ သူမ အစီအစဉ်တွင် ထိုထက် ပိုရှိသေးပေ၏။ ရို့ပင်းကို ခြိမ်းခြောက်မှုဖြင့် ကျန်သည့်သူများရှေ့၌ သူမ မည်မျှ အရည်အချင်း ရှိကြောင်း မီးမောင်းထိုးရာ ရောက်သွားပေလိမ့်မည်။ ထိုတစ်ချက်က လင်းလင်းအား သူမဆီ အပ်ထားရန် သူတို့ ပိုမို စိတ်ချသွားပေလိမ့်မည်။ ယင်းက စာချုပ် တစ်ခု ဖြစ်သည့်တိုင် စကားဖြင့်သာ ပြောထားပြီး အာမခံချက် မရှိပေ။
CZYTASZ
ဝေးလွင့်ပြီးသော အတိတ် (၂)
Romansကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...
