အခန်း ၂၉၁

715 51 2
                                    

အခန်း ၂၉၁။ နင့်အတွက် နောက်ဆုံး မေးခွန်းနှစ်ခု

“ဘာမှ မဟုတ်ပါဘူး”

ရှမုန့်က ပြန်ဖြေသည်။

ရှင်းဟယ်က သူမကို မျကလုံး မှေးကျဉ်းကြည့်လိုက်ပြီး ပြောလိုက်သည်။

“နင်သေချာရဲ့လား”

“သေချာတာပေါ့”

ရှမုန့်က သူမခေါင်းကို ခါပြီး ဆိုလိုက်သော်ငြား ရှင်းဟယ်က သူမကို ထိုးထွင်းမြင်နေရသည်ဟု ခံစားနေမိသည်။

ရှင်းဟယ်က ထိုမေးခွန်းကို ဆက်မမေးဘဲ ထိုအစား နောက်ထပ် မေးခွန်း မေးလိုက်သည်။

“အဲဒါဆို မန်မိုရီဆဲလ်နည်းပညာက ယဲ့ရှန်းလိုချင်တဲ့ဟာ မဟုတ်ဘူးလို့ ဘာလို့ ငါခံစားနေရတာလဲ”
ရှမုန့်၏ သွင်ပြင်က အေးစက်သွားသည်။

“ယဲ့ရှင်းက မန်မိုရီဆဲလ်အကြောင်း လုံးဝ သိမှာ မဟုတ်ဘူး။ နင့်ဆီက လိုချင်တဲ့အရာက လုံးဝ ကွဲပြားတယ်။ မန်မိုရီဆဲလ်နည်းပညာထက် ပိုပြီး အရေးပါတဲ့ အရာ တစ်ခုခုပေါ့”

ယခုတစ်ခေါက်တွင် ရှင်းဟယ်၏ စကားလုံးများထဲတွင် ပြင်းထန်မှုများ ပါဝင်နေပေသည်။

ရှမုန့်၏ မျက်နှာက ဖြူရော်သွားက သူမလက်များကလည်း လန့်ဖျပ်မှုကြောင့် ချွေးများ ထွက်လာတော့သည်။

သို့သော် သူမလျှာကို ကိုက်ထားဆဲ ဖြစ်ကာ စကားတစ်ခွန်းမျှ မပြောပေ။

ရှင်းဟယ်က သူမပုံကို မြင်ပြီးနောက် သူမကို နောက်ထပ် ထပ်ပြီး ဖိအားမပေးရန် ဆုံးဖြတ်ချက်ချလိုက်သည်။ သူမက ညင်ညင်သာသာဖြင့် ပြော၏။

“နင့်အတွက် ငါ့မှာ နောက်ဆုံးမေးခွန်း နှစ်ခု ရှိတယ်”

“ဘာလဲ”

“နင့်ရဲ့ စစချင်းအကြံက ငါ့ရဲ့ နဂိုရှိပြိးသား မှတ်ဉာဏ်တွေအားလုံးကို ဖျောက်ဖျက်ဖို့မလား”

ရှမုန့်က နတ်ဆိုးတစ်ကောင်ကို မြင်ရသည့်ပမာ ကြည့်လိုက်သည်။ သူမက ဒီအကြောင်းတွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ။ ဒါက မဖြစ်နိုင်တာ။

ရှင်းဟယ်၏ စိတ်က နှစ်ခွ ဖြစ်သွားခဲသည်။ အကြောင်းကား သူမက သူမ၏ သေခြင်းကို အိပ်မက်အဖြစ် မြင်မက်သည့်အတွက် ဖြစ်သည်။ ထို့ကြောင့် ယင်းယူဆချက်က ရှမုန့်သည် အစကတည်းက သူမကို သူမ သေပြီဟု မှတ်ယူစေချင်ခဲ့ခြင်း ဖြစ်ပေသည်.

ဝေးလွင့်ပြီးသော အတိတ် (၂)Kde žijí příběhy. Začni objevovat