အခန်း ၃၀၆။ အဆုံးသတ်ခြင်း၏အစ
သို့သော် သူ့ကမ္ဘာကြီး ပြိုလဲတော့မည်ကို သူ မသိလိုက်ပေ။
ယဲ့ရှန်က ရလာသမျှငွေများကို ကုမ္ပဏီထဲသို့ လောင်းထည့်လိုက်ပြီးနောက် ယဲ့ကော်ပိုရေးရှင်း ပြန်လည်အသက်ရှုချောင်လာမည့်အရေးကို ယုံကြည်ချက်ရှိရှိဖြင့် စောင့်နေတော့သည်။
နောက်တစ်နေ့၌ ရဲများ သူ့အိမ်ရှေ့တံခါးကို လာခေါက်လိမ့်မည်ဟု မည်သူက သိခဲ့မည်နည်း။
ရဲများ သူ့အိပ်ခန်းထဲသို့ ဝင်ရောက်စီးနင်းသောအချိန်၌ ယဲ့ရှန် အိပ်နေဆဲဖြစ်ပြီး
သူ့ကို စစ်ခြင်းမေးခြင်းမရှိ၊ ဖမ်းလိုက်သည်။“ဒါဘာအဓိပ္ပာယ်လဲ” ကိုယ်တုံးလုံး ဖြစ်နေသည့် ယဲ့ရှန်ကို အိပ်ရာပေါ်သို့
ဖိကပ်ချုပ်ထားစဉ် သူက ဒေါသနှင့် ရှက်ရွံ့မှုကြောင့် အော်ဟစ်နေတော့သည်။ရဲအရာရှိထဲမှ ခေါင်းဆောင်ဖြစ်သူက တည်တည်ငြိမ်ငြိမ်ဖြင့် ရှင်းပြလာသည်။
“ယဲ့ရှန် ကျွန်တော်တို့ ခင်ဗျားကို အွန်လိုင်းဘဏ် လုယက်မှုနဲ့ ဖမ်းတာပါ။
ကျေးဇူးပြုပြီး ရုန်းမနေဘဲ ကျွန်တော်တို့နဲ့ ရဲစခန်းကိုလိုက်ခဲ့ပြီး စစ်ဆေးမှုကို
ပူးပေါင်းပေးပါ”ယဲ့ရှန် အံ့အားသင့်သွားကာ မျက်လုံးများပင်ပြူးကျယ်ကုန်၏။ ရဲအရာရှိကြီး ပြောနေသည့် အကြောင်းအရာကိုပင် သူနားမလည်ပေ။
“ဘာ အွန်လိုင်းဘဏ် လုယက်မှုလဲ။ တစ်ခုခုမှားနေတာပဲနေမှာ။ ငါ ဘယ်သူလဲဆိုတာ မင်းတို့သိလား။ မင်းတို့ကများ ငါ့ကိုဒီလိုဆက်ဆံရဲတယ်ပေါ့…”
“မနေ့က တစ်စုံတစ်ယောက်က ရှီးအင်ပါယာ ကော်ပိုရေးရှင်း ဘဏ်အကောင့်ကို ဟက်ပြီး ငွေသန်း၃၀၀ကို ခိုးသွားခဲ့ပါတယ်။ စစ်ဆေးကြည့်တဲ့အခါ ခင်ဗျားရဲ့ ကိုယ်ရေးကိုယ်တာသုံး ဘဏ်အကောင့်ထဲကို ငွေတွေအားလုံး ဝင်သွားတာ တွေ့ရပါတယ်။ ခင်ဗျား တစ်ခုမှမသိဘူးလို့တော့ မပြောပါနဲ့”
ဘာ
ယဲ့ရှန် စိတ်ထဲ ဗလာဖြစ်သွား၏။ သူ ဘာတွေဖြစ်နေမှန်း နားမလည်တော့ချေ။

ESTÁS LEYENDO
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...