အခန်း ၂၆၂

1.1K 100 1
                                    

အခန်း ၂၆၂။ ချူတစ်မိသားစုလုံး
“ငါနင့်ကို မနှစ်မြို့စရာကောင်းတဲ့ နောက်ပြောင်တာလေး လုပ်မိလိုက်လို့ နင်က ငါ့ကို ဖျက်ဆီးမလို့ဟုတ်လား” ထျန်းရှင်း သူမကို ဒေါသတကြီး စိုက်ကြည့်ပြီး
ခွန်းတုံ့ပြန်လေသည်။
ရှင်းဟယ် ခနဲပြုံးပြုံးလိုက်သည်။ “နင်လား၊ နင်တစ်ယောက်တည်းဆို ငါအချိန်ကုန်ရကျိုးမနပ်ဘူး”
ထျန်းရှင်း တွန့်သွားသည်။ ‘ဒီအပျက်မ ဘာပြောနေတာလဲ၊ ငါက သူ့အချိန်ကုန်ရကျိုးမနပ်ဘူးတဲ့လား။ ဒါဆို သူက ဒီမှာ ဘာလုပ်နေတာလဲ။ သူ့ကိုယ်သူ ဘာလို့ထင်နေတာလဲ’
ထို့နောက် ရှင်းဟယ်က ဆက်ပြောလာသည်။ “အမှိုက်ဖြစ်တဲ့ ချူမိသားစုတစ်စုလုံးကို ငါက ဖယ်ရှားပစ်မှာ”
ထျန်းရှင်း ဒေါသကြောင့် နှုတ်ခမ်းပင် တွန့်တက်နေပြီး “ရှရှင်းဟယ်၊ ငါတို့မိသားစုကို နင်ထိခိုက်ချင်ရင်တောင် နင်လုပ်နိုင်လိမ့်မယ်လို့ ငါမထင်ဘူး၊ နင့်ကိုယ်နင် ဘယ်သူလို့ထင်နေလဲ။ နင်အခုလို လေကျယ်နေနိုင်တာ မုပိုင်က နင့်ကို ထောက်ပံ့ပေးထားလို့ပဲ။ သူသာမရှိရင် နင်က ဘာမှမဟုတ်ဘူး” ဟု ပြန်ပြောနေသည်။
“နင် ဆေးရုံမှာ အကြွေးဝယ်ကတ်ကို စွန့်ကျဲပြပြီး ငါ့ကို လာစော်ကားသွားကတည်းက ငါ နင့်အဖေနဲ့ပတ်သက်တဲ့ သက်သေတွေကို စပြီး စုနေခဲ့တာ”ဟု ရှင်းဟယ်က ရုတ်တရက် ကြေညာလိုက်သည်။
ရှင်းဟယ်အစီအစဉ်က ဟိုးအရင်ကတည်းက လုပ်လာသည်ကို သိလိုက်ရသောအခါ ထျန်းရှင်းနှင့် သူမအဖေ ရှော့ခ်ရသွားသည်…
ရှင်းဟယ်က အေးဆေး ဆက်ပြောလာသည်။
“ဒါပေါ့ သက်သေက ကြိုတင်အကာအကွယ်ယူထားတဲ့သဘောပေါ့၊ တကယ်လို့ နင်သာ ငါ့ကို လွှတ်ထားခဲ့ရင် ငါတို့ ဒီအဆင့်ထိရောက်လာကြမှာမဟုတ်ဘူး။ နင်ကိုယ်တိုင်ကိုက တောင်းဆိုလာတာဆိုတော့လည်း နင့်မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး နင့်မိသားစု တစ်စုလုံးကို ငါဘယ်လိုဆွဲချသွားမလဲဆိုတာကို ကြည့်ထားပေါ့”
ထို့နောက် ရှင်းဟယ် သခင်ချူကို လက်ညှိုးထိုးပြီး ဆက်ပြောလာသည်။
“ငါနင့်အဖေနဲ့အမေကို ဆွဲချပြီးတာနဲ့ ချူမိသားစုက သူ့ဘာသာသူ ပြိုကျသွားမှာပဲ။ ချူမိသားစုရဲ့ မမလေးဆိုတဲ့ရောင်ခြည် မရှိမှတော့ ငါက အချိန်ကုန်ခံပြီး နင်နဲ့ တိုက်နေဦးမယ်လို့ ထင်နေလား”
ထျန်းရှင်း ယခုမှ ရှင်းဟယ်အကြံအစည်ကို အလုံးစုံနားလည်သွားတော့သည်။
သူမကို လက်ဆောင်သုံးခု ပေးပြီးသည်နှင့် ရှင်းဟယ်က ချူမိသားစု၏ အာဏာကို လုယူသွားသည်။ သူမမိဘနှစ်ပါး၏ အုပ်ချုပ်မှုမရှိပါက ချူမိသားစုပြိုလဲတော့မှာ အနှေးနှင့်အမြန်ပင်။
သူမ မိသားစုကျောထောက်နောက်ခံ မရှိပါက ထျန်းရှင်းတွင် ဘာမှကျန်တော့မည်မဟုတ်ပေ။ ရှင်းဟယ်က ဒဏ်ခတ်ခြင်းမရှိ၊ လွယ်လင့်တကူဖြင့် သူမကို ယင်ကောင်ကို ရိုက်ချသလို့ ရိုက်ချလိုက်နိုင်သည်။
ရှင်းဟယ်၏ လျှို့ဝှက်အစီအစဉ်များက မည်မျှလေးစားဖွယ်ကောင်းလဲဆိုတာကို သိလိုက်ရချိန် သူမ ရှော့ခ်ရသွား၏။ ထျန်းရှင်း သူမကို ရန်ရှာမည်ဆိုသည်ကို ကြိုခန့်မှန်းခဲ့ပြီး သူမကို ဦးစွာပြန်တိုက်ခိုက်ရန် ကြိုကြံစည်ထားနိုင်လေသည်။
ထို့ပြင် သူမက သူမတစ်ဦးတည်းကိုသာမက ချူမိသားစုတစ်စုလုံးနောက်ကို လိုက်နေခြင်းဖြစ်၏။
သူမ ပြောခဲ့သလိုပင် ထျန်းရှင်းတစ်ဦးတည်းကို ဖယ်ရှားရန် သူမ အချိန်ကုန်ရကျိုးမနပ်သဖြင့် သူမမိသားစုတစ်ခုလုံးကို ဖျက်ဆီးခြင်းဖြစ်သည်။
ထျန်းရှင်း ရင်ထဲ အမုန်းတရားက ပွက်ပွက်ဆူလာသည်။ 'ငါကိုယ်တိုင် အဲအပျက်မရဲ့အသက်ကို သွားယူခဲ့သင့်တာ'
ထို့နောက် အေးစက်ပြတ်သားသော မုပိုင်က အမိန့်ပေးလိုက်သည်၊ "ကျန်တဲ့ ရာဇဝတ်သားကို ချုပ်ထားပြီး ရဲတွေကို စောင့်လိုက်"
"ဟုတ်ကဲ့ ဆာ" သက်တော်စောင့်များက သခင်ချူဆီသို့သွားလိုက်သည်။
"ငါ့ကိုလွှတ်၊ ငါ့ကို ဘယ်သူထိရဲလဲ။ ငါက ဒီနိုင်ငံက ကူးသန်းသွားလာရေးဝန်ကြီးပဲ” သခင်ချူက ရုန်းနေ၏။ သူရုန်းကန်နေသည်က သခင်မချူကိုပါ လှုံ့ဆော်သွားစေ၍ သူမလည်း ရှင်းဟယ်ကို အော်ဟစ်ဆဲဆိုလျက် ရုန်းနေပြန်သည်။
သူတို့ရုန်းလေလေ သက်တော်စောင့်များက ပိုကြမ်းတမ်းလာသည်။
သူတို့လုပ်ရပ်က သူတို့ကိုသာ ထိခိုက်စေလေသည်။
သခင်မချူ၏ဆံပင်များ ရှုပ်ပွနေပြီး သူမအဝတ်များမှာ ကြမ်းပြင်၌ လှိမ့်ထား၍ စွန်းထင်းနေသည်။
“ရပ်လိုက်၊ ငါ့မိဘတွေကို လွှတ်လိုက်” ထျန်းရှင်း သက်တော်စောင့်များကိုတားရန် ရှေ့ပြေးထွက်သွားသော်လည်း အကြမ်းပတမ်း ပြန်တွန်းချခံလိုက်ရသည်။ သူမ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။
“မုပိုင်…” သူမ မုပိုင်ဖက်သို့ တွားသွားပြီး သူ့ဘောင်းဘီစကို ဆွဲထား၏။ သူမ သူ့ကို မော့ကြည့်ပြီး ခယတောင်းပန်လေသည်၊ သူမမျက်ရည်များရွှဲကာ နာကြည်းစွာ ပြောလာသည်။
“ရှင် ကျွန်မမိသားစုအပေါ် ဘယ်လိုလုပ် ဒီလို ရက်စက်နိုင်ရတာလဲ။ ချူမိသားစုနဲ့ ရှီးမိသားစုက မိတ်ဆွေတွေဖြစ်လာကြတာ နှစ်ပေါင်းများစွာရှိပြီလေ၊ ငါတို့အပေါ်မရက်စက်ပါနဲ့လို့ တောင်းပန်ပါတယ်၊ ငါတို့ကို ကျေးဇူးပြုပြီး သနားပါဦး…”
ထျန်းရှင်း၏ ဖျောင်းဖျသံက ငိုကြွေးလျက် တိုးလျသွားသည်။ မုပိုင် သူမကိုသနားသွားအောင် လုပ်နေသည်။
မုပိုင်က မတုန်မလှုပ်ပင်။ အမှန်မှာ သူ့မျက်လုံးက ရွံ့ရှာလွန်းသည့်ပုံထင်းနေသည်။
သူ ထျန်းရှင်း ငုံ့ကြည့်ပြီး ငရဲမှ တရားသူကြီးသဖွယ် ကြေညာလိုက်သည်။
“ဒီလို အဆုံးသတ်ရတာ မင်းကိုယ်မင်းပဲ အပြစ်တင်လို့ရမယ်၊ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး။ ချူထျန်းရှင်း၊ မင်း ရှင်းဟယ်အသက်ကို ရန်ရှာဖို့ အကွက်ချခဲ့တော့ မင်းက အရင်စည်းကျော်လာတာ။ အဲဒါဆို မင်းရဲ့ သနားကြင်နာမှုကရော ဘယ်မှာလဲ”
“ငါအဲလိုမလုပ်ခဲ့ဘူး” ထျန်းရှင်း အသေငြင်းလေသည်
“ငါ ရှင်းဟယ် သေစေမဲ့ အန္တရာယ်မပေးခဲ့ဘူး၊ ငါအဲလိုမလုပ်ခဲ့ဘူး။ အခုထိ သူက ငါလုပ်ခဲ့တယ်ဆိုတဲ့သက်သေ မပြနိုင်သေးဘူးလေ၊ သူ ငါ့ကို သပ်သပ် စွပ်စွဲနေတာ။ သက်သေက ဘယ်မှာလဲ”
“သူမစကားက ငါလိုတဲ့ တစ်ခုတည်းသော သက်သေပဲ” ဟု မုပိုင်
အေးစက်စက်ဖြင့် ပြန်ဖြေလိုက်သည်။
ဘာ
ထျန်းရှင်း သူ့ကို နားလည်ရခက်စွာ စိုက်ကြည့်လာသည်။
ရှင်းဟယ်ကို မုပိုင် ထိုမျှယုံလိမ့်မည်ဟု မထင်ထားမိချေ။
ရှင်းဟယ်က လူသတ်သည်ဟု စွပ်စွဲခံရရင်တောင် သူက သူမကို အကြွင်းမဲ့ယုံဦးမှာပဲ။
...
Zawgyi

ဝေးလွင့်ပြီးသော အတိတ် (၂)Tahanan ng mga kuwento. Tumuklas ngayon