အခန်း ၂၂၂။
ကိုယ်မင်းကို ဒီတိုင်းဖက်ချင်ရုံပါ
သူမကို ကြည့်နေသည့် သူ့အကြည့်ကို ရှင်းဟယ် အလိုအလျောက် ခံစားမိနေသည်။
သူမ ထပ်ပြီး သူ့ကို မော့ကြည့်လိုက်သည်။
“ရှင် ဗိုက်ဆာနေတာလို့ ပြောခဲ့တာမဟုတ်ဘူးလား” ဟု သူမက မေးလာသည်။
"…"မုပိုင် ပြန်မဖြေချေ၊ သူမကို ဒီတိုင်းသာ စိုက်ကြည့်နေ၏။
“အင်း ကျွန်မတို့ နှစ်ယောက်လုံး ဗိုက်မဆာဘူးဆိုတော့ အလုပ်ကိစ္စပဲ ဆက်ပြောကြရအောင်” သူမ ခက်ရင်းတို့ကို ချလိုက်ပြီး “ကျွန်မကို ပြောပြ၊ ရှင့်ရဲ့ ဖြေရှင်းဖို့နည်းလမ်းကဘာလဲ” ဟု ဆက်ပြောလာသည်။
“မင်းက အလုပ်နဲ့ဆိုင်မှ ကိုယ်နဲ့ စကားပြောချင်တာလား” မုပိုင်သည် တစ်ညလုံး လျစ်လျူရှုခံထားရ၍ စိတ်မရှည်မှုကြောင့် ရှေ့မကြည့် နောက်မကြည့် ပြောချလိုက်မိသည်။
ရှင်းဟယ် ပြန်ပြောချိန်၌ သူမ မျက်နှာထားမှာ မပြောင်းချေ၊ “ဒါပေါ့၊ ကျွန်မတို့ကြား အမြဲ အဲလိုပဲဟာ”
"…" သူမ ပြောတာမှန်ပေသည်။
မုပိုင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့်အနေဖြင့် ရယ်လိုက်သည်။
“မင်း ပြောတာမှန်တယ်။ ကိုယ်တို့ လက်ထပ်တုန်းက စကားပြောတာ ရှားခဲ့တယ်။ ကိုယ်တို့ ဆက်ဆံရေးက အမြဲ သီးသန့်ဆန်ပြီး ပရိုကျကျပဲသွားခဲ့တာကို”
“ရှင်လည်း အဲလိုမြင်တဲ့အတွက် ဝမ်းသာပါတယ်”
“ကိုယ်သာ ဒီလိုမှန်း သိခဲ့ရင် ကိုယ်မင်းကို ပိုပြီး ကောင်းကောင်းဆက်ဆံခဲ့ပါတယ်၊ ကိုယ် တောင်းပန်ပါတယ်” ဟု ရုတ်တရက် မုပိုင်ဝန်ခံလာသည်။
နောက်ဆုံး၌ သူ ရှင်းဟယ်၏ ဟန်ချက်ကိုလှုပ်ခါလိုက်နိုင်သော်လည်း အရမ်းတော့မဟုတ်ချေ။ ရှင်းဟယ်သည် သူ့တောင်းပန်စကားကြောင့် နည်းနည်း လန့်သွားသည်၊ သူမ သေချာပေါက် ၎င်းကို မမျှော်လင့်ထားပေ။ သူမကို ဆက်တိုက် စိုက် ကြည့်နေသည့် မျက်ဝန်းတစ်စုံတွင် စိတ်ရင်းမှန်ကို တွေ့လိုက်သည်။
YOU ARE READING
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...
