အပိုင်း ၂၈၃

884 59 2
                                    

အခန်း ၂၈၃

။ သူမကို သူယုံတယ်

သခင်မယဲ့က ချက်ချင်း အစောင့်ကို အမိန့်ပေးလိုက်သည်။ “အခု နင့်သခင်လေးကိုဖုန်းခေါ်လိုက်၊ ချက်ချင်း သူ့ကို အိမ်ပြန်လာခိုင်းလိုက်”

“ဟုတ်ကဲ့ မဒမ်” အစောင့်က ချက်ချင်းကို လှုပ်ရှားတော့သည်။

ကားပေါ်၌ မုပိုင်က ကားဆရာနှင့် အနောက်ခန်းကို ခြားထားသည့်အကာကို ဆွဲချလိုက်သည်။

သူက ရှင်းဟယ်ကို မျက်လုံးလေး မှေးကာကြည့်လိုက်သည်။

“မနေ့ညက ငါ့ကွန်ပျူတာထဲကို ဟက်တာ မင်းဟုတ်တယ်မလား”

ရှင်းဟယ်က ခေါင်းကိုအသာညိတ်ပြလိုက်သည်၊ “ဟုတ်တယ်”

“ဒါဆို မင်းပြောသမျှအားလုံးအမှန်တွေပေါ့”

“ဒါပေါ့”

“ဒါဆို မင်းက ရှမုန့်အစစ်မဟုတ်ဘူးပေါ့”

“မှန်တယ်” ရှင်းဟယ် ခေါင်းထပ်ညိတ်ပြလိုက်သည်။ သူမကယခင်ပုံစံအတိုင်းပင်၊ သူမစကားပြောရမှာကို တွန့်တိုလေသည်။

မုပိုင် အံ့ဩသွားတော့သည်။ သူ ၎င်းကို ရိပ်မိထားသော်လည်း ထိုအခိုက်၌ သူ ယုံရခက်နေသေးသည်။

“ဒါက ဘယ်လိုဖြစ်တာလဲ” ဟု သူက ယုံရခက်ခက်ဖြင့် မေးလိုက်သည်။

“ဒါကို ဘယ်သူကမှ ယုံမှာမဟုတ်မှန်း မင်းနားလည်ထားသင့်တယ်”

“ကျွန်မလည်း မယုံနိုင်ဘူး၊ ဒါပေမဲ့ ဒါကအမှန်တရားပဲ”

“မင်းက တကယ် …‘မင်း’ဆိုတဲ့ သက်သေတစ်ခုခုများရှိလား”

ရှင်းဟယ် တခစ်ခစ်ရယ်လိုက်သည်။ “ကျွန်မ အဲလိုမျိုးကို သက်သေပြဖို့ ရှင်က ဘယ်လိုလုပ်ပြီး မျှော်လင့်နေသေးတာလဲ။ ဘာပဲဖြစ်ဖြစ် ရှင်မယုံလည်းရတယ်၊ ဘာလို့လဲဆိုတော့ ရှင်ကျွန်မက ယဲ့မိသားစုကနေ ကယ်ထုတ်လာပြီးပြီပဲ”

ယဲ့မိသားစုဟု ကြားလိုက်ရ၍ မုပိုင် အကြောင်းရင်းမရှိ စိတ်တိုသွား၏။ ထိုမိသားစုတစ်ခုလုံးသည် သူ့ရင်ထဲတွင် ဆူးတစ်ခုလိုပင်၊ သူ သူတို့ကိုအမြန်ဆွဲနှုတ်ပစ်ချင်နေသည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Opowieści tętniące życiem. Odkryj je teraz