အခန်း ၃၁၄
။ ဘွားခနဲ ပေါ်လာသော အန္တရာယ်
သို့သော် တစ်ဖက်လူသည် ယင်းကို အတော်မြန်မြန် ရပ်လိုက်သောကြောင့် ရန်သူက သူ့ကို အမှန်တကယ် မသေစေချင်မှန်း သူ သဘောပေါက်သွားသည်။ သူတို့က သူ့ဆီမှ သတင်းယုရန် လိုသေးမှန်း ယဲ့ရှန်း သိသည်။
သူ့ရှေ့ရှိလူက တစ်ဖန်မေးလာသည်။
"အခုက မင်းကို ငါနောက်ဆုံးမေးတာပဲ။ အဲဒါက ဘယ်မှာလဲ"
ယင်းက ယုံကြည်ရခက်ခဲသော်ငြား ထိုအရာက စွမ်းအင်ခရစ်စတယ် ဖြစ်ကြောင်း ယဲ့ရှန်းနားလည်ပေသည်။
သူတို့တွေက ဘယ်သူတွေလဲ။ ဘာလို့ ငါ့မှာ စွမ်းအင် ခရစ်စတယ် ရှိတယ်ဆိုတာ သိရတာလဲ။
ထိုမေးခွန်းများက သူ့စိတ်ထဲပေါ်လာတော့သည်။ သို့သော် သူက အဆုံးထိ ယုတ်ညံ့သူ ဖြစ်ရာ သူ၏ နောက်ဆုံး ကယ်တင်ရာ၏ တည်နေရာကို အလွယ်တကူ ပေးမှာ မဟုတ်ပေ။
"ကျွန်တော် ကျွန်တော် မိန်းမကို ပေးခဲ့တာ။ အဲဒါက သူနဲ့ အတူရှိနေတယ်။ ခင်ဗျားသူ့ဆီကိုသွားရင် အဲဒါကို ရမှာ"
ယဲ့ရှန်းသည် သူ့ပါးစပ်ထဲမှ စကားလုံးများကို ခက်ခက်ခဲခဲဖြင့် ပြောနေရလေသည်။
ထိုအကြောင်းကိုကြားပြီးနောက် ခေါင်းဆောင်သည် ယဲ့ရှန်းကို လည်ပင်းညှစ်နေသော သူအား မျက်နှာရိပ် ပြလိုက်လေသည်။
ထိုပုဂ္ဂိုလ်သည် အေးအေးစက်စက်ဖြင့် လှည့်လိုက်ပြီးနောက် အကွင်းကို တင်းနေအောင် ဆွဲတော့သည်။
ယဲ့ရှန်းကို အရူးတစ်ယောက်ပမာ စတင်ရုန်းကန်လာသော်ငြား သူက အားနည်းလေသည်။ စက္ကန့်အနည်းငယ်အတွင်း သူရုန်းကန်မှု နှေးလာကာ စွန်က ကြိုးပျက်သည့်ပမာ လွင့်မျောသွားတော့သည်။
ယဲ့ရှန်းသည် သေဆုံသွားပြီ ဖြစ်ကာ သူ့မျက်လုံးများက မယုံနိုင်စွာဖြင့် ပွင့်လျက် ရှိနေသည်။ သူ့နောက်ဆုံး အတွေးက ကူညီပေးရန် ဖြစ်သည်။ ငါမင်းလိုသမျှ ပေးမယ်ပြောသားပဲ။ ဘာကြောင့် ငါ့ကို အသက်ရှင်ခွင့် မပေးတာလဲ။ မင်းက ဘယ်သူလဲ။ အကျဉ်းထောင်မှာတောင် တစ်ယောက်ယောက်ကို သတ်ဖြတ်နိုင်တဲ့သူ။
CZYTASZ
ဝေးလွင့်ပြီးသော အတိတ် (၂)
Romansကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...
