အခန်း ၂၁‌၈

1K 85 1
                                    

အခန်း ၂၁၈။ ငါ့လိုလူမျိုး

“အခုရော ငါ့ရဲ့ ဒီဇိုင်းကို ခိုးဖို့အတွက် ယွင်ရို့ပင်းက ဘာကြောင့် ကူညီတာလဲ”

ရှင်းဟယ်က စစ်မေးလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးကာ သူ့ကို ငုံကြည့်လိုက်သည်။

အယ်ချန်းက သူမကို ခေါင်းမော့ ကြည့်လိုက်၏။ သူက ရှကျီနှင့် ရှောင်းမော့ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“သူတို့ကို ဒီအခန်းထဲကနေ ထုတ်ပေးရန် မင်းကို အားလုံး ပြောပြမယ်”

“မင်းက သင်ခန်းစာ ပေးဖို့ လိုနေသေးတဲ့ ပုံပဲ”

ရှကျီက လက်မြှောက်ပြီးနောက် ဆက်တိုက်ထိုးရန် ပြင်လိုက်သည်။ သို့သော် ရှင်းဟယ်က သူ့ကို တားကာ ပြောလိုက်၏။

“ငါ့ကို အပြင်မှာ စောင့်နေ”

ရှကျီက ထိတ်လန့်သွား၏။

“အစ်မ သူ့ဆောင်းဆိုချက်ကို သဘောတူလို့ မရဘူး။ ကျွန်တော်တို့ သွားပြီးမှ အစ်မကို တိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ”

ရှောင်းမော့က စိတ်ပူပန်နေ၏။

“သူပြောတာ မှန်တယ်။ မစ္စရှကို တစ်ယောက်တည်း ထားခဲ့ဖို့က အန္တရာယ်များလွန်းတယ်"

ရှင်းဟယ်က ခေါင်းခါလိုက်၏။

“သူငါ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး အပြင်မှာ စောင့်နေလိုက်”

“ဒါပေမဲ့”

“အဆင်ပြေပါတယ်”

ရှင်းဟယ်က ဆုံးဖြတ်ချက် ပြက်သားသည်။ ရှောင်းမော့နှင့် ရှကျီက သူမကို မဖြောင်းဖြနိင်မှန်း သိသောကြောင့် ထွက်သွားပေ၏။ သို့သော် သူတို့က ဝင်ပေါက်နှင့် ခပ်ဝေးဝေးသို့ မသွားရဲပေ။ သူတို့က တံခါးနား နားစွင့်နေကြပြီး အထဲကို စောင့်ကြည့်နေကြသည်။ သို့မှသာ အခြေအနေက တစ်ခုခု ထူးလျှင် သူတို့ ပြေးဝင်နိုင်မှာပဲ ဖြစ်၏။

သို့သော် ရှင်းဟယ်နှင့် အယ်ချန်းက အသံတိုးတိုးဖြင့် ပြောနေရာ သူတို့ ဘာကိုမျှ မကြားနိုင်ပေ။ ရှင်းဟယ်က ခုံတစ်လုံးဆွဲပြီး ပြောလိုက်၏။

ဝေးလွင့်ပြီးသော အတိတ် (၂)Wo Geschichten leben. Entdecke jetzt