Part 330/331/332/333

805 50 3
                                    


အခန်း ၃၃၀

။ တစ်ယောက်ယောက် ရှိနေခဲ့

"ဒါက ငါမင်းကို နောက်ဆုံးညှာတာပေးနိုင်တာပဲ" ထိုလူ့မျက်လုံးထဲ၌ သွေးဆာပုံ ပေါ်နေလျက် တိုးတိုးလေးပြောလာသည်။

သူ့လက်ထဲမှဆေးထိုးအပ်က ရှင်းဟယ်လက်မောင်း သွေးကြောထဲသို့ တိုက်ရိုက်ဝင်သွားတော့သည်။

ထိုစဉ် ရှင်းဟယ် မျက်လုံးဖွင့်လိုက်သည်။

သူတို့မျက်လုံးချင်းဆုံသွားပြီး ထိုလူက တုတ်တုတ်မလှုပ်တော့။ ထိုအချိန်မှာ သူမ နိုးလာလိမ့်မည်ဟု သူ သေချာပေါက် မထင်ထားခဲ့ချေ။

ပြောရလျှင် ရှင်းဟယ်လည်း သူမ သတိပြန်လည်လာချိန် နားထဲဦးဆုံးဝင်လာမည့်စကားမှာ ထိုလူက သူမကို သတ်ခါနီးပြောသည့်စကားဖြစ်နေမည်ဟု မထင်ထားချေ။

သူမ အသက်ရှင်ချင်စိတ်ဖြင့် မျက်လုံးကို အတင်းဖွင့်ထားသည်။ သူမက သူ့ကို အကြည့်စူးစူးဖြင့် ကြည့်နေသည်။

သူမ ရုတ်တရက်နိုးလာသည်နှင့် ရင်ဆိုင်လိုက်ရ၍ ထိုလူက ပျာယာခတ်သွားသော်လည်း သူ့ကိုယ်သူ စိတ်ပြန်ထိန်းထားသည်။ သူက ရှင်းဟယ်၏ မနှစ်မြို့သည့်အကြည့်စူးကြောင့် သူ ဝပ်တွားမသွားပေ။

သူက အေးစက်စက်ဖြင့် ရယ်လာပြီး ဆက်ပြောလာသည်။

"အခု မင်းနိုးလာမှတော့ ငါမင်းကို သတ်ဖို့ ပိုလိုအပ်လာပြီ။ တာ့တာ ရှမုန့်"

သူ့စကားဆုံးသွားပြီးနောက် ရှင်းဟယ်က ရုတ်တရက် ပြန်သတိလစ်သွား၏။ အခြေအနေက ရုတ်တရက် ဆန်တာကြောင့် သူက အိမ်မက်မက်နေသည်ဟုပင် ထင်သွားတော့သည်။

'မသေခင် ခဏပြန်သတိလည်လာတာမျိုးလား' ထိုလူက သူ့ဘာသာသူ တွေးနေမိသည်။

မည်သို့ပင်ဆိုစေကာမူ အချိန်ဆွဲနေပါက သူ့အတွက် အန္တရာယ်ရှိကြောင်း သူသိထားသည်။ သူ ရှင်းဟယ်၏ လက်မောင်းကို ဆွဲဆန့်လိုက်ပြီး သူမသွေးကြောထဲ အပ်ကိုထိုးလိုက်သည်။

သို့သော် သူ ဆေးကို ထိုးမသွင်းခင်မှာ တံခါးအပြင်ဘက်မှ အစောင့်များက ပြောလာသည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now