အခန်း ၂၇၉

857 62 1
                                    

အခန်း ၂၇၉။

အမျိုးသမီးတွေက ပိုသိမ်မွေ့ဖို့လိုတယ်

ရှင်းဟယ်၏ စူးရှသော အကြည့်က သူတို့အားလုံးဆီ သိမ်းကြုံးသွားလျက် ရယ်မောပြီးသာ တုံ့ပြန်လိုက်သည်။

“ငါက မလုပ်ချင်ရင်ရော”

ယဲ့ချင်းက သူမ၏ အမိန့်ကို ရှမုန့် ငြင်းလိမ့်မည်ဟု မထင်ထားချေ။ သူမက ဒေါသထွက်သွား၏။

“နင်က မလုပ်ချင်ဘူးလား။ နင့်မှာ ငြင်းပိုင်ခွင့်မရှိဘူး။ ငါတို့ရဲ့ မိသားစုက စေတနာ သဒ္ဓါတရား ထက်သန်လွန်းလို့ နင့်ကို ကျွေးထားတာ မဟုတ်ဘူး။ ဘာမှ အသုံးမကျတဲ့ ဒုက္ခိတကို ကျွေးမထားနိုင်ဘူး”

ယဲ့ချင်းသည် ရှင်းဟယ်၏ ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့မှုကို တမင်တကာ ထည့်ပြောလာသည်။ သူမက ရှင်းဟယ်၏ ကျိုးနေသော ခြေထောက်ကိုတောင် ကြည့်ပြီး မဲ့ပြုံးပြုံးလိုက်သေးသည်။ သူမက ရှင်းဟယ်ကို အရှက်ခွဲပြီး အရှက်ကွဲစေချင်နေ၏။

ရှင်းဟယ်က စိတ်ထဲမထားဘဲ သူမ၏ အရှက်ခွဲမှုကိုတောင် ခေါင်းညိတ်လိုက်သေးသည်။

“နင်ပြောတာ မှန်တယ်။ ဘာမှ အသုံးမကျဘဲ နေမနေသင့်ဘူး။ စိတ်မပူနဲ့ ငါ့ကိုယ်ငါ ပြမှာပဲ”

ယဲ့ချင်းက ရှင်းဟယ် လှည့်ထွက်သွားတာကို မြင်ပြီး ဒေါသထွက်သွားသည်။ သူမက ရှေ့သို့ ပြေးထွက်လာပြီး ရှင်းဟယ်၏ လမ်းကြောင်းကို ပိတ်ဆို့ကာ ပြောလိုက်၏။

“နင်က ငါ့ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်နေတာပဲ။ ငါက နင့်ကို နေ့လယ်စာ လုပ်ခိုင်းနေတာ နင် မကြားဘူးလား”

“နင်က ကလေးမလေးတစ်ယောက်မှ မဟုတ်တော့တာ။ ဒီတော့ ယဲ့မိသားစုက သခင်မလေးတစ်ယောက်က လူတစ်ယောက်ကို ဘယ်လိုလုပ် ဒီလို အော်နိုင်ရတာလဲ။ နင့်ရဲ့ ယဉ်ကျေးသိမ်မွေ့မှုတွေ ဘယ်ပျောက်သွားလဲ”

ရှင်းဟယ်က သူမကို ပေါ့ပေါ့ပါးပါး သတိပေးလိုက်သည်။

ယဲ့ချင်းက နှာခေါင်း ရှုံ့လိုက်၏။

“နင် ငါ့ကို အခုသင်ပေးနေတာလား”

သူမသည် ရှင်းဟယ်ကို ကလေကချေကဲ့သို့ ကြည့်နေပြီး သူမက လူမိုက်နှယ် ကြည့်နေတော့သည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Wo Geschichten leben. Entdecke jetzt