အခန်း ၂၀၂။
ရှင်းဟယ် လိမ်နေတာပဲဖြစ်ရမယ်
လူအုပ်ကြီးမှာ နှစ်စက္ကန့်မျှ ရုပ်ပုံကားချပ်သဖွယ် ငြိမ်ကျသွား၏။
လူတိုင်း၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သည်မှာ ပေါ်လွင်နေသည်။ ရှော့ခ်ရသွားလွန်း၍ တစ်ခုခုတုံ့ပြန်ရန်ကိုပင် ခက်ခဲနေ၏။
ရှင်းဟယ်က အဖြေကို ဒီတိုင်းချရေးလိုက်ရုံပဲလား၊ ဒီလောက်ပဲလား။
“မဖြစ်နိုင်တာ…” ရို့ပင်း အသိလက်လွတ်ဖြင့် ပြောထွက်သွား၏။ သူမ ချက်ချင်း ပါမောက္ခသုံးဦးဖက်သို့ လှည့်လိုက်သည်။
“သူမ မှားတယ်မလား။ သူမ အဖြေကို ချတွက်တာလည်း မရှိဘူး၊ သူမ အဖြေတွေက အဓိပ္ပာယ်မရှိ၊ လျှောက်ခြစ်ထားတာတွေပဲဖြစ်ရမယ်”
လေးစားဖွယ်ပါမောက္ခသုံးဦးလည်း ဆွံ့အနေကြ၏။
လူအုပ်ထဲမှ လူတော်တော်များများလည်း ရို့ပင်းနှင့် အတွေးတူလေသည်၊ ရှင်းဟယ် လျှောက်ခြစ်ထားသည် ဟုသာ ထင်နေကြသည်။
ပါမောက္ခချန်း ပါးစပ်ဟလိုက်သောအခါ သူတို့ကမ္ဘာကြီး လှုပ်ခါသွား၏။
“အနည်းဆုံးတော့ ငါ့မေးခွန်းတွက် သူ့အဖြေက မှန်တယ်”
“ငါ့မေးခွန်းကိုရောပဲ”
“ငါ့မေးခွန်းကိုလည်း တူတူပဲ” ပါမောက္ခဝမ်နှင့် ပါမောက္ခချန်က ဆက်ပြောလာသည်။
ရို့ပင်း မျက်လုံးများ ပြူးကျယ်သွား၏။
ထိတ်လန့်မှုက လူအုပ်ဆီ လှိုင်းသဖွယ်ပျံ့သွားလေသည်။
ရှင်းဟယ်က သင်္ချာ ပုစ္ဆာတွေကိုဖြေရှင်းလိုက်နိုင်တယ်ဟ။
အဲဒါတင်မကသေးဘူး၊ သူမ ချတွက်စရာမလိုဘဲနဲ့ကို ဖြေနိုင်တာ။
သူမ ဒီလို ထူးထူးချွန်ချွန် စွမ်းဆောင်နိုင်လောက်ရအောင် သူမ သင်္ချာနဲ့
ပတ်သက်ပြီး ဘယ်လောက်ထိ ကောင်းကောင်း သိနေတာလဲ။“သူမ အစောကြီးကတည်းက အဖြေတွေကို သိနေတာများလား” အရပ်ရှည်ရှည် နှင့် အင်ဂျင်နီယာက စောဒကတက်လေသည်။
YOU ARE READING
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...