အခန်း ၂၃၅

1K 90 1
                                    

အခန်း ၂၃၅။

ကျွန်မရဲ့ လုပ်နိုင်စွမ်းက အကောင်းဆုံးသက်သေပဲလေ

ရုပ်ရှင် ဇာတ်ကွက် အတိုင်းပင် ရှင်းဟယ်က ဒီဇိုင်သည် သူမ၏ အပိုင်းပင် ဖြစ်ပြီး သူမဒီဇိုင်းကို ခိုးယူခဲ့သည့်သူက ရို့ပင်း ဖြစ်ကြောင်း ဆိုနေပေသည်။

“ရှရှင်းဟယ် နင်က ငါ့ကို မှားပြီး စွပ်စွဲနေတာပဲ။ သက်သေ ဘယ်မှာလဲ”

ရို့ပင်းက ဒေါသတကြီး ပြန်ပြောလိုက်၏။

“ငါ့ပစ္စည်းကို နင်ခိုးတယ်လို့ ပြောတဲ့ အချိန်မှာ နင့်ဒီဇိုင်းကို ငါကူးထားတယ်လို့ နင်ပြောခဲ့တယ်။ ပြီးတော့ နင်အိမ်မှာပဲ တစ်ချိန်လုံး ပုန်းနေပြီးတော့ ဒီလို အထင်ကြီးဖွယ်ကောင်းတဲ့ ဒီဇိုင်း ဘယ်လိုလုပ် ရေးနိုင်မှာလဲ။ ဓာတ်ခွဲခန်းထဲက ကုန်ကြမ်းတွေ ကိုးကားစရာ မရှိဘဲနဲ့ မဖြစ်နိုင်ဘူး”

“ဟုတ်တယ်။ ဒီနယ်ပယ်မှာ နင်က အတွေ့အကြုံက သုညပဲ။ ဒါကိုများ ဒီဇိုင်းက နင့်အပိုင်လို့ ပြောရဲသေးတယ်လား”

မစ္စရှီးသည် ရှင်းဟယ်ကို ယုံကြည်ချက် မရှိပေ။

“နင်က ဒီမှာ လူတိုင်းအတွက် ဒုက္ခရောက်အောင် လုပ်နေတယ်လို့ ထင်တာပဲ။ ကံကောင်းတာပေါ့။ မင်းရဲ့ အခြေအမြစ်မဲ့ စွပ်စွဲချက်ကို ငါတို့တွေ မြင်နိုင်လောက်အောင်ထိ ပါးနပ်နေလို့”

“ဒါပေမဲ့ အဲဒါက ကျုပ်အစ်မရဲ့ ဒီဇိုင်းပဲ သူခိုးက ယွင်ရို့ပင်းပဲ”

ရှကျီက ငြင်းလိုက်သည်။

ထျန်းရှင်းက နှာခေါင်းရှုံ့လိုက်၏။

“ဒါဆိုရင် သက်သေပြလိုက်လေ။ ရှရှင်းဟယ် နင်သက်သေ မပြနိုင်ခဲ့ရင် ရို့ပင်းက နင့်ကို တရားဆွဲနိုင်တယ်”
ရို့ပင်းက ဝမ်းမြောက်နေ၏။

“ဟုတ်တယ်။ ရှရှင်းဟယ် သက်သေပြနိုင်လား။ သက်သေမပြရင် ငါ့ရဲ့ဒီဇိုင်းကို နင်ခိုးခဲ့တယ်လို့ ဆိုလိုတာပဲ။ လက်လျော့လိုက်တော့။ ဒီဇိုင်းက ငါ့ အပိုင်လို့ ဒီက လူတိုင်း ယုံကြည်ကြတယ်”

“ဒီဇိုင်းက ရှင်းဟယ်ရဲ့ ဒီဇိုင်းဆိုတာ ငါယုံကြည်တယ်”

မုပိုင်က ထကြေညာလိုက်ရာ အားလုံးကို အံ့ဩသွားစေ၏။

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now