အခန်း ၂၃၆

1.1K 106 1
                                    

အခန်း ၂၃၆။ မူလဒီဇိုင်း

ဒေါသထွက်နေသည့် ရှကျီက ရိုပင်း၏ ဝင့်ကြွားနေသော မျက်နှာကို ထိုးချင်စိတ်ကို ဖိနှိပ်ထားရ၏။ သူသည် ရှင်းဟယ်ဖက် လှည့်ပြောလိုက်သည်။

“အစ်မ သက်သေပြလိုက် သူတို့ စကား သူတို့ ပြန်စားခိုင်းလိုက်လေ”

“မင်းမှာ သက်သေရှိလား”

မုပိုင်ကလည်း မေးသည်။ သူ၏အသံတွင် ဆိုးရိမ်ပူပန်မှုတို့ ပြည့်နေသည်။

အမှန်တကယ်တွင် မျက်မြင်သက်သေ အဖြစ်ရှင်းဟယ်က ပြီးပြည့်စုံသော သက်သေ ရှိပေသည်။ အဲချန်၏ ထွက်ဆိုချက်ဖြင့် သူသည် ရို့ပင်းကို ဆန့်ကျင်နိုင်မှာပဲ ဖြစ်သည်။ သို့သော် ဖြစ်နိုင်သည့် တရားစွဲဆိုနိုင်သည့် ကိစ္စများမှ သူ့ကို ကာကွယ်ရန်အတွက် အဲချန်းကို မပါဝင်စေချင်ပေ။ အဲချန်းကို မျက်နှာသာပေးသောကြောင့် မဟုတ်ဘဲ။ သူ့တွင် သူမ လိုအပ်သည့် အချက်အလက်ရှိနေသောကြောင့် ဖြစ်သည်။ ထို့အပြင် အဲချန်း၏ ခုခံမှုဖြင့် သူက ရှင်းဟယ်ကို သစ္စာဖောက်ခဲ့တာ မဟုတ်။သူသည် ထိုက်သင့်သည့် ပြစ်ဒဏ်ကိုခံစားခဲ့ရပြီး ဖြစ်သည်။ ထို့ကြောင့် ရှင်းဟယ်က အကျိုးအမြတ်ကို တွက်ချက်ပြီး သူ့ကို အရှုပ်အထွေးထဲ ဆက်မထည့်ရန် ဆုံးဖြတ်ထားခဲ့၏။
ရိုးရိုးသားသားဆိုရလျှင် ရှင်းဟယ်သည် သူတို့၏ တူညီသော သမိုင်းကြောင်းကြောင့် ရို့ပင်းကို ချမ်းသာပေးချင်ခဲ့သည်။ သို့သော် ထိုအမျိုးသမီးက နောင်တရသည့် လက္ခဏာ မရှိပေ။ ထိုတွင်မက ရှင်းဟယ်ဆီသို့ပါ လာတိုက်ခိုက်ခဲ့ရာ ရှင်းဟယ်က ထိန်ချန်ထားစရာ မရှိမှန်း သဘောပေါက်သွား၏။ ရှင်းဟယ်က ပြုံးလိုက်ပြီး သူမ၏ အစီအစဉ်ကို ယုံကြည်နေပေသည်။

“ရှင်တို့လိုချင်တဲ့ သက်သေမျိုး ကျွန်မမှာ မရှိဘူး။ ကျွန်မ ပြောသလိုပဲ တစ်ခုတည်းသော သက်သေပြစရာက ကျွန်မရဲ့ လုပ်နိုင်စွမ်းပဲ။ ရို့ပင်းခိုးသွားတဲ့ ဒီဇိုင်းက အကောင်းဆုံးပဲ။ ဒါပေမဲ့ ရှင်တို့ကို သတိပေးလိုက်မယ်။ ခိုးသွားတဲ့ ဒီဇိုင်းက အတုပဲ။ ဒီတော့ သူလုပ်ထားတဲ့ ထုတ်ကုန်မှာ ချို့ယွင်းချက်ရှိနေမှာ”
ရို့ပင်းက ထိတ်လန့်သွားပြီး သူမရင်ထဲ၌ အကြောက်တရားတို့ ပေါ်လာတော့သည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Donde viven las historias. Descúbrelo ahora