အခန်း ၃၁၀

664 49 1
                                    

အခန်း ၃၁၀။ နောက်ဆုံးတော့ သူနဲ့ တွေ့ဖို့ သဘောတူလိုက်ပြီ

မုပိုင်သည် အားလုံးကို ငါးမိနစ်အတွင်း ဖြေရှင်းပြီးသွားလေသည်။ သူ အရမ်း
ကြမ်းတမ်းပြီး အာဏာကို အလွှဲသုံးစားလုပ်လိမ့်မည်ဟု ရှင်းဟယ်မထင်ထားမိချေ။ ပြောရလျှင် သူသာ လူတိုင်းအပေါ်ကြင်နာပြီး ကောင်းပေးနေလျှင်လည်း ယခုနေရာကို ရောက်လာမည်မဟုတ်ပေ။

“အဲလူတွေ မင်းကို ထပ်ပြီး နှောင့်ယှက်တော့မှာမဟုတ်ဘူး” ဟု မုပိုင်က ဝင်လာလျက် သူမကို ကြင်ကြင်နာနာဖြင့်ပြောလိုက်သည်။

သူ အပြင်မှာရှိတုန်းက ပုံစံနှင့် လုံးဝကွဲခြားနေလေသည်။

ရှင်းဟယ် ခေါင်းညိတ်လိုက်သည်။

"ကျေးဇူးပါပဲ၊ ဒါပေမဲ့ ရှင် တကယ် အဲလိုလုပ်စရာမလိုဘူး။ ကျွန်မဘာသာ ဖြေရှင်းလိုက်ရင်ရပြီပဲဟာ၊ အဲတော့ ကျွန်မ ရှင့်အကူအညီကို ယူနေရတုန်း ကျွန်မအားလုံးကို ဖြေရှင်းလိုက်
နိုင်တယ်ဆိုတာ အာမခံရဲပါတယ်”

မုပိုင်က ပြုံးပြီး လက်မြှောက်အရှုံးပေးသလို လုပ်ပြလေသည်။

"ဟုတ်ပါပြီ၊ ကိုယ် မင်းကိုပဲ အားလုံးလွှဲထားလိုက်ပါ့မယ်။ ကိုယ်ထပ်ပြီး အလုပ်မများတော့ဘူးပေါ့"

သူ အနည်းဆုံးတော့ သူမအတွက် သတင်းထောက်များနှင့် ယဲ့အမျိုးသမီးများကို နှင်ထုတ်ပေးလိုက်နိုင်သည်ကို ဝမ်းသာမိလေသည်။

သူ သူမအတွက်အားလုံးအဆင်ပြေသွားအောင် ကူညီပေးချင်သော်လည်း ၎င်းက ရှင်းဟယ်ကို ဒေါသသာ ထွက်စေလိမ့်မည်ကို သူသိလေသည်။ အခြားမည်သူ့အပေါ်မှ အားမကိုးချင်ပေ၊ သူမက ယင်းကို ရှင်းရှင်းလင်းလင်းလုပ် ထားလေသည်။

ထို့အပြင် ရှင်းဟယ်သာ မေးရမည့်မေးခွန်းများကို သိတာကြောင့် သူမကိုယ်တိုင် ယဲ့ရှန်ကို စစ်မေးသည်က အကောင်းဆုံးဖြစ်နိုင်ပေသည်။

ယဲ့ရှန်က ဆက်ပြီး အနှိပ်စက်မခံနိုင်တော့၍ ဝန်ခံရန် သဘောတူလိုက်သည်။ သူတို့ သူ့အတွက် ပြင်ဆင်ထားသည့် အရှက်ခွဲမည့်အစီအစဉ်ထက် ထောင်ထဲကိုသာ ဝင်ချင်တော့သည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Où les histoires vivent. Découvrez maintenant