အခန်း ၂၃၉

1.6K 107 5
                                        

အခန်း ၂၃၉။

အစ်မရဲ့ အစီအစဉ်လား။ ဘာအစီအစဉ်လဲ။

ဤအဖြစ်အပျက်ပြီးနောက် ရှင်းဟယ်အပေါ် သူ၏ မိသားစု အမြင် ပြောင်းလဲသွားမည်မှန်း သူအပြည့်အဝ ယုံကြည်နေပေ၏။ ရှင်းဟယ်သည် သူမ အပေါ် သူတို့၏အမြင်ကို ပြောင်းပြန်ဖြစ်သွားအောင် ပြုလုပ်နိုင်စွမ်း ရှိသူ ဖြစ်ပေ၏။ အတိတ်တုန်းက ဘာမျှ မလုပ်နိုင်ခဲ့သည့် မိန်းကလေးတစ်ယောက်သည် သူမ၏ အရည်အချင်းများကို ထုတ်ပြတော့မှာပဲ ဖြစ်သည်။ သူမကို မည်သူမျှ အထင်သေးတော့မှာ မဟုတ်ပေ။ ယင်းက သူတို့၏ မှားယွင်းအကဲဖြတ်မှုများနှင့် သူမအပေါ် မကျေမချမ်း ဖြစ်မှုများကို တိတ်သွားစေပေလိမ့်မည်။ သို့သော် ယခင် ဆိုခဲ့သည့် အတိုင်း ထိုအရာအားလုံးက ရှင်းဟယ်၏ ရည်ရွယ်ချက် မဟုတ်ပေ။ သူမထိုသို့ ပြုလုပ်ခဲ့ရသည့် တစ်ခု တည်းသော အကြောင်းအရင်းက သူတို့၏ အုပ်ထိန်းပိုင်ခွင့် အတွက်ကြောင့် ဖြစ်သည်။ မုပိုင်သည် ရှင်းဟယ်ဆီသို့ စိုက်ကြည့်နေကြသည့် သူများကို ကြည့်ပြီး သူတို့ အတွက် သူစိတ်မကောင်း ဖြစ်မိ၏။

သူတို့ အထင်သေးသည့် အကြည့်များ နှိမ့်ချစော်ကားသည့် စကားများဖြင့် ရှင်းဟယ်ထံမှ တုံ့ပြန်မှု ရလိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသည်။ သို့သော် လက်တွေ့တွင်မူ ရှင်းဟယ်ကို ဂရုမစိုက်ပေ။ မုပိုင်က သူတို့၏ သွေးနထင်ရောက်မှုကြောင့် ခေါင်းခါလိုက်တော့သည်။ သို့သော် ဝမ်းနည်းစရာ အကောင်းဆုံးက အထင်ကြီးဆုံး ဖြစ်နေသည့် သူသည် သူ၏ မိခင် ဖြစ်လောက်ပေသည်။

“မုပိုင် ဒီကို လာခဲ့။ မင်းနဲ့ ဆွေးနွေးစရာ ရှိတယ်”

သူ့အမေက သူ့ကို လှမ်းခေါ်ပြီး ရှင်းဟယ်နှင့် သူ နီးနီးကပ်ကပ် ထိုင်တာကိုမြင်ရန် စိတ်ပျက်နေပေ၏။ သူ့မိခင်ဘေးတွင် ရပ်နေသည့် ထျန်ရှင်းကလည်း သူနှင့် ရှင်းဟယ် နီးကပ်နေတာကို ကြည့်ပြီး မျက်မှောင် ကျုံ့လိုက်တော့သည်။

မုပိုင်က ရှင်းဟယ်ဖက် လှည့်ကြည့်ပြီးနောက် ပြောလိုက်၏။

“ကိုယ်အဲဒီကို ခဏသွားလိုက်ဦးမယ်။ မင်းကို အစဉ်မပြေ ဖြစ်စေခဲ့တာ အတွက် တောင်းပန်ပါတယ်။ ဘယ်နည်းနဲ့ ဖြစ်ဖြစ် မင်းကို ကူညီဖို့ ကြိုးစားမှာ”

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now