အခန်း ၂၉၈

661 43 1
                                    

အခန်း ၂၉၈။ ဝက်ကို ခွင့်လွှတ်ပေးဖို့ မထိုက်တန်

ရိုက်ချက် တစ်ချက်က ကျယ်လောင်ပြီး ရှင်းရှင်းလင်းလင်း ကြားရပေသည်။ ယဲ့ရှန်းအတွက် လူသားဆန်မှုပင် ဖြစ်သည်။

ရုတ်တရက် မှင်တက်သွားပြီးနောက် သူ့မျက်လုံးထဲ၌ မုန်းတီးသည့် အကြည့်တစ်ချက် ပေါ်လာသည်။ ယင်းက ရှင်းဟယ်၏ နားလည်ရခက်မှုကို မလွတ်မြောက်နိုင်ပေ။ ကြမ်းပြင်ပေါ်သို့ စာရွက် ကျသွားသည့်အခါ သူက ကွာရှင်းစာချုပ်ဟူသည်ကို မြင်လိုက်ရပေသည်။ သူ့မျက်နှာက ပျက်သွားတော့သည်။

“ရှင့်ရဲ့ ချိုမြိန်တဲ့ ချစ်စကားတွေကို မယားငယ်ဆီကိုပဲ သွားပြော။ ပြီးတော့ ဒီမှာ လက်မှတ်ထိုး”

ရှင်းဟယ်က အေးအေးစက်စက်ဖြင့် အမိန့်ပေးလိုက်သည်။

ယဲ့ရှန်းက သူ့ခေါင်းကို မော့လိုက်ပြီး မျက်လုံးမှေးကျဉ်းကာ သူမကို ကြည့်လိုက်သည်။

“မင်းက ငါ့ဆီက ကွာရှင်းတာကိုလိုချင်တုန်းပဲလား”

“အတိအကျပဲ။ ရှင်ဒီနေ့ လက်မှတ်ထိုးရမယ်။ ဘယ်စကားကမှ ကျွန်မရဲ့ စိတ်ကို မပြောင်းလဲ ပစ်နိုင်ဘူး”

“ငါ လက်မှတ်မထိုးဘူး”

ယဲ့ရှန်းက စာရွက်များကို ကောက်ယူလိုက်ပြီးနောက် အပိုင်းအပိုင်း အစစ ဆုတ်ဖြဲလိုက်သည်။

“ရှမုန့် မင်းက ငါ့အတွက် တစ်ဦးတည်းသော အချစ်ပဲ”

နောက်ထပ် တစ်ရွက်က သူ့မျက်နှာသို့ လွင့်လာခဲ့သည်။ ယခုတစ်ခေါက်တွင် သူ့လက်ဖြင့် ဖမ်းလေသည်။

ရှင်းဟယ်က ကွာရှင်းစာချုပ် အထပ်လိုက်ကို စားပွဲပေါ်တွင် ထားလိုက်ကာ သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး

“ရုံးမှာ ကွာရှင်းစာချုပ်တွေ အများကြီး ရှိသေးတဘ်။ ဒီတော့ ဒီနေ့ တစ်နေ့လုံး ရှင် ဒါတွေနဲ့ ကုန်ဆုံးချင်တယ်ဆိုလဲ ရတယ်”

“ရှမုန့် မင်း ဘယ်လို လုပ်ရဲတာလဲ”

ယဲ့ရှန်းက သူမ မှားယွင်းနေသည့်အတွက် ဒေါသ အခြောင်းခြောင်း ထွက်သွားသည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Donde viven las historias. Descúbrelo ahora