အပိုင်း ၂၇၄

991 70 2
                                    

အပိုင်း ၂၇၄။

ဂလက်ဆီပရောဂျက်နှင့် တစ်ခုခုသက်ဆိုင်နေ

ဒါက သူမအမေအရင်း ပေါ်ပေါက်လာပြီး ပျောက်ကွယ်သွားတာနဲ့ အချိန်ကိုက်ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ သူမကလည်း မြို့တော်တီကို လွန်ခဲ့တဲ့အနှစ်သုံးဆယ်က ရောက်လာပြီး လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်က ပျောက်ကွယ်သွားတာ။ ဒီနှစ်မျိုးအပြင် နောက်ထပ် တူညီတဲ့အမှုတစ်ခု ရှိသေးတယ်။ သူမစိတ်က အဆက်များကို လျင်မြန်စွာ ဆက်လိုက်သည်။ ယွင်ရို့ပင်းနှင့် ဆက်စပ်သည့် အချက်အလက်များ အားလုံးကို ဆွဲထုတ်ရန် အချိန်ဖြုန်းမနေခဲ့ပေ။

ရို့ပင်း၏ဖခင်ကလည်း လွန်ခဲ့သည့် အနှစ်သုံးဆယ်ခန့်က မြို့တော်တီသို့ ရောက်လာခဲ့ပြီး လွန်ခဲ့သည့် ဆယ့်နှစ်နှစ်ခန့်က ပျောက်ကွယ်သွားခဲ့သည်။ ကိစ္စများက ထိုအတိုင်း ဖြစ်နေခဲ့လျှင် အယ်ချန်း၏ မိဘများလည်း ထိုအတိုင်း ဖြစ်လောက်ပေ၏။

ရှင်းဟယ်သည် အယ်ချန်းအကြောင်း အချက်အလက်များကို မြန်မြန်ဆန်ဆန် ရှာဖွေခဲ့၏။ သို့သော် ကွန်ရက်ပေါ်တွင် အယ်ချန်း၏ မိဘများအကြောင်းက သံသယဖြစ်စရာ ရှိနေမှန်း သဘောပေါက်လိုက်သည်။ ရှင်းဟယ်သည် တစ်စုံတစ်ဦးက သူ့ထက် ဦးစွာ အချက်အလက်များကို ရှင်းထုတ်ပစ်သည်ဟု သံသယဝင်နေမိသည်။

ဒါက အယ်ချန်းရဲ့ လက်ချက်လား။ ဒါ သူ့မိဘတွေရဲ့ တည်ရှိမှုအကြောင်းကို ဖျက်လိုက်တာလား။

မည်သို့ပင်ဆိုစေကာမူ ရှင်းဟယ်က အနည်းဆုံးတော့ ရှမုန့်က သူတို့နှင့် ဆက်နွယ်ပြီး ဆန်းကြယ်သော ဂလက်ဆီပရောဂျက်နှင့် ဆက်နွယ်သူဖြစ်ကြောင်း သေချာအောင် လေ့လာစီစစ်ခဲ့သည်။ ဒါနဲ့ ဒီဂလက်ဆီပရောဂျက်က ဘာလဲ။ ရှမုန့်ရဲ့ ခန္ဓာကိုယ်ထဲမှာ အခုရှင်းဟယ်ရောက်နေရတာနဲ့ ဘာသက်ဆိုင်တာလဲ။

ရှင်းဟယ်သည် အယ်ချန်းကို ဆက်သွယ်ရန် ကြိုးစားသော်ငြား သူ့ကိုမည်သည့်နေရာမှာမှ ရှာမတွေ့ပေ။ သူသည် အပြည့်အဝ ပျောက်ကွယ်သွားသလိုမျိုး ဖြစ်နေသည်။ ရို့ပေး ရှိသည့်နေရာကိုလည်း ခြေရာမခံနိုင်ပေ။ ထိုမိန်းကလေးသည် ဘာမှကိုမသိနိုင် သိခဲ့လျှင်တောင် ရှင်းဟယ်ကို ပြောရန် မည်သည့် အခွင့်အရေး ရှိမည်နည်း။

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now