အခန်း ၂၀၈

1.6K 114 1
                                        

အခန်း ၂၀၈။

အစ်မတို့ပြန်တွဲနေကြတာလား

မုပိုင် စာရွက်ကို ဘေးဖယ်ထားလိုက်ကာ "ကောင်းပြီလေ၊ အခုတော့ မင်း
အတွက် ကိုယ်ထိန်းသိမ်းပေးထားမယ်"

ရှင်းဟယ်က မျက်မှောင်နည်းနည်း ကြုတ်သွားသော်လည်း သူနှင့်ဆက်မငြင်းတော့ချေ။ အဘယ်ကြောင့်ဆိုသော် သူမက သေတော့မည်ဖြစ်သည်၊ သူမသေပြီးသော် ထိုအရာများက သူ့ဆီ ပြန်ရောက်သွားမည် ဖြစ်တာကြောင့်ပင်။

မုပိုင် သူမငြင်းမည်ကို မျှော်လင့်ထားသော်လည်း ယခင်ကဆိုခဲ့ဖူးသလိုပင်၊ သူလုပ်ချင်သည်များကို မည်သူမှ တားမရနိုင်ပေ။

"ခြေလက်အင်္ဂါတုထွင်ဖို့ အိုင်ဒီယာရလာပြီးလား" ဟု သူမေးလိုက်သည်။

"ကိုယ်ဆီကလည်း အိုင်ဒီယာတောင်းလို့ရတယ်နော်။ ကိုယ်က မင်းထင်ထားတာထက် ပိုပြီး ကူညီနိုင်ရင်လည်း ကူညီနိုင်မှာပေါ့"

"လောလောဆယ်တော့ ကျွန်မမှာ ဘာမှမရှိသေးဘူး။ အရင်ဆုံး လက်ရှိဒီဇိုင်းကို ပြန်ကြည့်ဖို့ ရက်အနည်းငယ်လောက်လိုတယ်"

"ဓာတ်ခွဲခန်းထဲက ဒီဇိုင်းစာရွက်တွေကို ကြိုက်သလိုယူသုံး"

"သိတယ်၊ ကျေးဇူးပါ" ထိုသို့ လုပ်ရန် ရှင်းဟယ် အစောကတည်းက ကြံထား
ခြင်းဖြစ်သည်။ အဆင်သင့်ဒီဇိုင်းများ ရှိနေသည်ကို သူမ အချိန်ကုန်ခံကာ ပုံကြမ်းမှ မစချင်ပေ။

တစ်စက္ကန့်ပိုသက်သာလျှင် သူမ သူ့သားနှင့် တစ်စက္ကန့် စောစောတွေ့ရမည်။

လက်ရှိ ခြေလက်အတုစက်၏ အကြီးမားဆုံးပြဿနာမှာ အစစ်နှင့်တူမနေခြင်း၊ ကျွမ်းကျင်မှုမရှိခြင်းနှင့် စုစုပေါင်းအလေးချိန် ဖြစ်သည်။

တစ်နည်းအားဖြင့် ရှင်းဟယ်၏ အဓိကတာဝန်မှာ လက်ရှိ ရှိပြီးသား နည်းပညာကို ပြီးပြည့်စုံအောင်လုပ်ရန်၊ လွယ်လွယ်ပြောရလျှင် အစစ်နှင့် ပိုတူစေရန်ဖြစ်
သည်။

စာရွက်ပေါ်ကျ လွယ်ကူသော်လည်း လက်တွေ့အကောင်အထည်ဖော်ရန် ခက်ပေသည်။ ကံကောင်း၍ သူမ ယခင်က ထိုသို့သော နည်းပညာကို ကိုင်တွယ်ဖူးလေသည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Donde viven las historias. Descúbrelo ahora