အခန်း ၂၃၁။
ယွင်ရို့ပင်း၏ ဘဝင်မြင့်မှု
“အပြီးသတ်တာလား”
ရှင်းဟယ်က နှာခေါင်းရှုံ့လိုက်၏။
“ချို့ယွင်းချက် ရှိတဲ့ ထုတ်ကုန်နဲ့သူက ဘယ်လိုလုပ် နောက်ဆုံး အဆင့်ထိ ရောက်နိုင်မလဲ”
ရှကျီက ယွင်ရို့ပင်း၏ ဒီဇိုင်းက အတု ဖြစ်ကြောင်း ထပ်မံ ပြောလိုက်ပြန်သည်။
“ဒါပေမဲ့ သူတို့ အောင်မြင်ပြီလို့ ပြောခဲ့တာ မဟုတ်ဘူးလား”
“သူပြောတာ မှန်တယ်။ ဒီတော့ ဘယ်လိုလုပ် ချို့ယွင်းချက် ရှိနိုင်မှာလဲ။ သူတို့ စစ်ဆေးခဲ့ပြီး ထုတ်ကုန်က ကောင်းနေတာပဲ”
လော့ကျွင်းကလည်း ဇဝေဇဝါ ဖြစ်နေ၏။“ဘာလို့လဲ ဆိုတော့ ငါဒီအတိုင်း ပြောတာ ကြောင့်လေ”
ရှင်းဟယ်သည် အတည်ပြုလိုက်၏။ ရှကျီက သူမကို ခြွင်းချက်မရှိ ယုံကြည်သည်။
“အစ်မ ကျွန်တော် အစ်မကို ယုံတယ်။ အစ်မရဲ့ ပစ္စည်းက အစစ်။ သူ့ဟာက အတုကြီး”
“ဒါပေမဲ့ ဘယ်အပိုင်းက ချို့ယွင်းချက်ရှိတာလဲ။ ဒီဇိုင်းကို ကျွန်တော်ကိုယ်တိုင် တွေ့ပြီးပြီ။ ပြီးပြည့်စုံတယ်”
လော့ကျွင်းက တွေဝေနေသေးဆဲ ဖြစ်၏။
ရှကျီက သူကို အကြံပေးလိုက်သည်။
“တွေ့နေတာ ရပ်လိုက်တော့ ကျွန်တော် အစ်မကိုသာ ယုံထားလိုက်။ အဲတာက ချို့ယွင်းချက်ရှိတယ် လိုပြောရင် ရှိနေတာပဲ။ အရင်က တစ်ခါမှ မမှားခဲ့ဖူးဘူး”
“....”
လော့ကျွင်းသည် ရွေးချယ်စရာ မရှိတော့ပုံရသည်။
ထိုစဉ် ရှင်းဟယ်က ရို့ပင်း၏ ကုန်ကြမ်းကို အချောသတ်နေ၏။ ပြီးနောက် လော့ကျွင်းဖက်လှည့်ကာ အမိန့်ပေးလိုက်သည်။
“ဓာတ်ခွဲခန်းကနေ ရှေ့ပြေးပုံစံတစ်ခု ယူလာခဲ့။ ပြီးရင် ယုံကြည်ရတဲ့ နည်းပညာရှင် အချို့နဲ့ အင်ဂျင်နီယာ တချို့ကိုပါ ခေါ်လာပေး။ တစ်နာရီအတွင်း အပြီးသတ်မယ်”
လော့ကျွင်းက ထိတ်လန့်သွား၏။
ဆေးရုံတွင် လုကျီဦးဆောင်သည့် ခွဲစိတ်ဆရာဝန်များက အသင့်ရပ်နေကြသည်။
ရှီမိသားစုတိုင်း ဤနေရာ၌ ရှိနေ၏။ ထျန်းရှင်းတောင် ရှိနေသည်။ ယနေ့က ရှီးသခင် မကြီးအတွက် ခွဲစိတ်မည့်နေ့ ဖြစ်သည်။ ရှီးမိသားစုအတွက် ယင်းက အလွန်အရေးကြီးသည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။
ESTÁS LEYENDO
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...