အခန်း၂၄၈။
ဒီနေရာကနေ ထွက်သွားကြမယ် (လက်အတု- စာစဉ်ပြီး)
ရှင်းဟယ် ဆေးရုံမှ ထွက်လာသောအခါ နေပင်ဝင်သွားချေပြီ။
ရှကျီက သူမဘေးနားမှ ယနေ့ဖြစ်သွားသမျှအားလုံးကို စားမြုံ့ပြန်နေတော့သည်။
သူ့အစ်မသည် လူလက်အတုကို ထွင်နိုင်ခဲ့သည့်အပြင် ရို့ပင်းကို ဖော်ထုတ်၊
အရှက်ခွဲကာ ကန်ထုတ်လိုက်နိုင်ပြီး ရှီးမိသားစု၏လေးစားမှုနှင့် ယုံကြည်မှုကိုတောင် ရသွားသည်။တစ်ခါက သူမကို အထင်သေးအမြင်သေးခဲ့သည့်ရှီးမိသားစုက နောက်ဆုံး၌ သူမကို အသိအမှတ်ပြုပြီး လက်ခံလိုက်၏။
အရမ်းကို ဖြစ်နေကြသည်မှာ ရှင်းဟယ်ကိုပင် ရှီးမုပိုင်နှင့်
ပြန်လက်ထပ်စေချင်ကြလေသည်။‘တစ်ရက်တည်း အဲလောက်အများကြီးဖြစ်လာလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ’
ရှကျီခေါင်းထဲ၌ ထိုအတွေးများနှင့်သာ လွှမ်းမိုးနေ၏။
“အစ်မ ကျွန်တော်တော့ ဒီနေ့ဖြစ်ခဲ့တာကိုမယုံနိုင်သေးဘူး။ အစ်မက အရမ်းလေးစားဖို့ကောင်းတယ်”
ရှကျီ ကားမောင်းလျက်ပြောလာသည်။
“အစ်မရဲ့စွမ်းဆောင်ရည်နဲ့ ရှီးမိသားစုတစ်စုလုံး ဒူးထောက်လာအောင် လုပ်လိုက်နိုင်တယ်”
သူစဉ်းစားမိလေလေ ပိုပျော်လာလာပင်။
“အခု သူတို့ အစ်မဘယ်လောက်တော်လဲဆိုတာ သိသွားကြတော့ အခု အစ်မကို ဘယ်သူအထင်သေးရဲသေးသလဲဆိုတာ ကြည့်ကြသေးတာပေါ့၊ အစ်မ ရှီးမုပိုင်နဲ့ ပြန်ပေါင်းဖို့ကို လွယ်လွယ်နဲ့ သဘောမတူလိုက်နဲ့နော်။ သူတို့ ဒီထက်ပိုပြီး စိတ်ရင်းနဲ့ပြသလာမှ အဲအချက်ကို စဉ်းစားပေးလို့ရမယ်”
“ငါသူနဲ့ပြန်လက်မထပ်ဘူး” ဟု ရှင်းဟယ် ဖြေလိုက်သည်။
ရှကျီက အနည်းငယ် လန့်သွားပြီးမှ သဘောတူသည့်သဘောဖြင့် ခေါင်းညိတ်လိုက်၏။
”အစ်မ သူနဲ့ပြန်လက်မထပ်တာ ကောင်းတယ်။ ရှီးမုပိုင်ထက် အများကြီး ပိုပိုပြီးကောင်းတဲ့သူကို ရှာ”
أنت تقرأ
ဝေးလွင့်ပြီးသော အတိတ် (၂)
عاطفيةကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...