အခန်း ၂၀၄

1.3K 107 1
                                    

အခန်း ၂၀၄။

ငါ အရှုံးပေးတယ်

နာမည်အခေါ်ခံရသူအတွက် လူအုပ်ကြီးက မြန်မြန် နေရာရှင်းပေးလိုက်၏။

အရပ်ရှည်ရှည်လူကြီးမင်းတစ်ဦး ရှေ့သို့ထွက်လာစဉ် ဓာတ်ခွဲခန်းက တိတ်ဆိတ် နေ၏။

ရှင်းဟယ် သူမ၏နောက်စိန်ခေါ်သူကို ကြည့်လိုက်ပြီး သူမပြန်မှတ်မိသွား၍ မျက်လုံးများ ဖြည်းဖြည်းချင်း ပြူးကျယ်သွား၏။

ထိုလူ…ကြည့်ရတာ အရမ်း ရင်းနှီးနေတယ်…

နပေါဦး…အီးတီ…

ဟက်ကာပြိုင်ပွဲမှာတုန်းက ချွေ့မင်းကို ကိုယ်စားပြုပေးတဲ့ ဟက်ကာပဲ။

ဒါပေမဲ့…သူက ဒီမှာ ဘာလို့ရှိနေရတာလဲ။

အယ်ချန်း၏ ထွက်ပေါ်လာမှုက ရို့ပင်းကို အနည်းငယ် စိတ်သက်သာရာရသွားစေသည်။ သူမက ရှင်းဟယ်ကို ခနဲ့လိုက်သည်။

“အယ်ချန်းက ငါတို့ ဓာတ်ခွဲခန်းရဲ့ ကွန်ပျူတာသိပ္ပံ ကော်မတီခေါင်းဆောင်။ နင့်ရဲ့ ကွန်ပျူတာစကေးလ်တွေက မဆိုးဘူးလို့ ကြားတယ်၊ အဲတော့ ငါတို့အတွက် အယ်ချန်းကိုပဲ အဖြေရှာခိုင်းရမှာပေါ့။ နင် ငါတို့ကို စိတ်မပျက်စေဘဲ ပွဲကောင်းလေး ပြဖို့ မျှော်လင့်ပါတယ်”

“နင်က သူ့ကို စမ်းသပ်ခိုင်းတယ်” ဟု ရှင်းဟယ် သရော်လိုက်သည်ကို နည်းနည်းပါးပါးလေး ထိန်းကာ မေးလိုက်သည်။

ရို့ပင်းက ခေါင်းညိတ်လေသည်။ “ဟုတ်တယ်လေ”

“သူ့ထက်ပိုတော်တဲ့သူကို လဲဖို့ နင့်ကို အခွင့်အရေးပေးလိုက်မယ်”

“ထပ်ပြီး မာနထောင်လွှားပြန်ပြီ” ရို့ပင်း ခနဲ့ပြုံးပြုံးလိုက်သည်။

“သူက ငယ်နေလို့ သူ့ကို အထင်တော့မသေးနဲ့နော်။ အယ်ချန်းက ငါတို့ဆီမှာ အတော်ဆုံး ကွန်ပျူတာ သိပ္ပံပညာရှင်ပဲ။ အဲဒါကြောင့် အပေါ်ယံကြည့်ပြီး မဆုံးဖြတ်နဲ့”

အပေါ်ယံကြည့်ပြီး မဆုံးဖြတ်နဲ့ ဟုတ်လား။ ဒီလူက သူ့ဘာသာကျ အတော်လေး မိုက်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ လူအုပ်ထဲမှ လူတစ်ယောက်က အတည်ပြုပေးလာသည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Donde viven las historias. Descúbrelo ahora