အပိုင်း ၂၆၇။
သခင်မလေး နောက်ဆုံးတော့ နိုးလာပြီပဲ
ရှင်းဟယ် ယခင်ကမက်ဖူးသည့် အိမ်မက်ကို ပြန်တွေးမိသည်။
အိမ်မက်ထဲ၌ သူမ ယခုကဲ့သို့ ဆေးရုံခုတင်ပေါ်တွင် ဖျားနာပြီး ပိန်ချုံးချွတ်ချုံကျသွားသည်။
ထိုသို့မြန်မြန်ကြီး ဖြစ်လာလိမ့်မည်ဟု သူမ မထင်ထားမိခဲ့။
လင်းလင်းက လက်ရှိနိုင်ငံထဲမှာပဲ ရှိနေပြီး သူမက သူ့ကံကို မပြောင်းလဲပေးရသေးပေ။
သို့သော် သူမ ကံကောင်းစွာဖြင့် ချူထျန်းရှင်းကို ရှင်းပြီးပြီဖြစ်သည်။ အနည်းဆုံးတော့ သူမက သူ့ကလေးအတွက် အန္တရာယ် မဟုတ်တော့ပေ။
ရုတ်တရက် အခန်းတံခါးပွင့်လာပြန်သည်။
အိမ်အကူအဝတ်အစား ဝတ်ထားသည့် သက်လတ်ပိုင်းအမျိုးသမီးက ဝင်လာပြီး ရှင်းဟယ်ကို ခံစားချက်မဲ့စွာ ကြည့်လာသည်။
"သခင်မလေး၊ နောက်ဆုံးတော့ နိုးလာပြီပဲ။ သခင်လေးက အရမ်းစိတ်ပူနေတာ"
အမျိုးသမီး၏ လေသံက ထူးဆန်းသည်။ စကားတို့က စိုးရိမ်စကားဟု ဆိုနိုင်သော်လည်း လေသံမှာ ရှင်းဟယ်ကို လုံးဝ ဂရုမစိုက်သည့်လေသံမျိုး။ သူမက သစ်သားတုံးကို စကားပြောနေသလိုမျိုးနှင့်တူပေသည်။
'သခင်မလေး' ဆိုတာ ဘာလဲ။
လွန်ခဲ့သော သုံးနှစ်ကပဲ သူမ မုပိုင်နှင့်ကွာရှင်းခဲ့ပြီဖြစ်၏။
"ရှင်ဘယ်သူလဲ" ဟု ရှင်းဟယ် မေးလိုက်သည်။ သူမလည်ချောင်းမှ ထွက်လာသည့်အသံက အသံဆိုးနေပြီး သူမပုံမှန်အသံနှင့် လုံးဝမတူချေ။
အမျိုးသမီးက သရော်လိုက်သည်။ "သခင်မလေး စိတ်လွတ်သွားပြီလား။
ကျွန်မက အန်တီတင်းလေ"
"ကျွန်မ ရှင့်ကိုမသိဘူး" ဟု ရှင်းဟယ်က အေးတိအေးစက်ဖြင့်ပြောလာသည်။
"ကျွန်မကိုပြောပြ၊ ဘာတွေဖြစ်ကုန်တာလဲ၊ ကျွန်မ သတိလစ်နေတုန်း ဘာတွေဖြစ်ကုန်တာလဲ"
အန်တီတင်းက နောက်တစ်ခါ ထပ်သရော်လိုက်ပြန်သည်။
"သခင်မလေး အတိတ်မေ့ချင်ယောင်ဆောင်နေတာကို ရပ်လိုက်လို့ရပြီ။ ကျွန်မ မယုံဘူး။ တကယ်တော့လေ အဲလိုသရုပ်ဆောင်တာကို ကျွန်မ စိတ်ကုန်လှပြီ၊ အဲတော့ တော်လိုက်ပါတော့။ ပြီးတော့ နိုးလာမှတော့ အိမ်ပြန်ကြရမယ်။ မဒမ်ကပြောတယ်၊ ယဲ့မိသားစုက ချမ်းသာပေမဲ့ ချွေချွေတာတာ သုံးရမယ်တဲ့။ သခင်မလေးက ဆေးရုံမှာအကြာကြီးနေနေတော့ မိသားစုပိုက်ဆံကို ဖြုန်းနေတာပဲ။ အဲဒါကြောင့် သခင်မလေးနိုးလာတာနဲ့ မဒမ်က အိမ်ကိုပြန်ခေါ်လာခိုင်းနေပြီ"
ရှင်းဟယ် ကြောင်သွား၍ မျက်လုံးများပြူးကျယ်သွား၏။
'ဒီအန်တီတင်းက ဘာတွေပြောနေတာလဲ။ ပြီးတော့ ယဲ့မိသားစုဆိုတာကရော ဘာလဲ'
ရှင်းဟယ့် မသိစိတ်က တစ်ခုခုတော့မှားနေကြောင်း သူမကို အသိပေးနေ၏။
သူမ အခြေအနေကို သေချာမလေ့လာရသေးခင်တွင် သူမထောင့်နားမှ ဝှီးချဲလ်ကို သွားယူစဉ် အန်တီတင်းက သက်တော်စောင့်နှစ်ဦးကို အခန်းထဲသို့ ခေါ်လာလေသည်။
"လုပ်စရာရှိတာကိုလုပ်၊ ငါတို့ သခင်မလေးကို အိမ်ပြန် ခေါ်သွားရမယ်"ဟု အန်တီတင်းက သက်တော်စောင့်များကို အမိန့်ပေးလိူက်သည်။
သက်တော်စောင့်များ ချက်ချင်း အပြေးလှမ်းလာကြပြီး သူမကို ကောက်ချီလိုက်ကြပြီး ဝှီးချဲလ်ပေါ်သို့ ပစ်တင်လိုက်ကြသည်။
ရှင်းဟယ် မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက် သော်လည်း သူမ ရှော့ခ်ရသွားတာဖြစ်၏။ 'ဒီလူတွေက ဘယ်သူတွေလဲ။ သူတို့ ဘာတွေပြောနေကြတာလဲ။ ဘာလို့ဒီလိုတွေ လုပ်နေကြတာလဲ'
"ရှီးမုပိုင် ဘယ်မှာလဲ။ သူ့ကို သွားခေါ်လာပေး၊ ငါသူ့ကိုတွေ့ချင်တယ်" ဟု ရှင်းဟယ် ပြတ်သားစွာပြောလိုက်သည်။
အန်တီတင်းက သူမကို ထူးဆန်းစွာကြညိ့လာသည်။ ယနေ့ ရှင်းဟယ်ပြောသမျှအားလုံး ထူးဆန်းပြီး အဓိပ္ပာယ် မရှိပေ။
'အခု နင်က ရှီးမုပိုင်ကို တွေ့ချင်တယ်...ဟုတ်လား'
အန်တီတင်း ယုံရခက်ခက်ဖြင့် ရယ်လိုက်သည်။
ရှင်းဟယ်က အန်တီတင်း သူမကို ကြည့်သည့်အကြည့်ကို အကဲခတ်လိုက်၏။ ၎င်းက စိတ်မနှံ့သည့်လူနာကို ကြည့်နေသည့်အတိုင်း အထင်သေးပြီး စိတ်ရှုပ်နေသော အကြည့်ဖြစ်လေသည်။
"သခင်မလေး ဒီလိုဆက်သရုပ်ဆောင်ချင်ရင်လည်း သခင်လေးကိုသာ အဲလိုလုပ်ပြလိုက်။ ကျွန်မနဲ့ကျအသုံးမဝင်ဘူး"
"တော်သင့်ပြီ" ရှင်းဟယ် မာန်အပြည့်ဖြင့် ဆူလိုက်သည်၊ သူတို့ကို အကြည့်စူးစူးဖြင့် စိုက်ကြည့်လိုက်သည်။
"နင်တို့က ဘယ်သူတွေလဲ၊ ဘာတွေဖြစ်ကုန်တာလဲ။ နင်တို့ ကစားနေတာရပ်လိုက်တော့၊ ငါစိတ်မပါဘူးနော်"
အန်တီတင်းက လန့်သွားတော့သည်။
ထိုအမျိုးသမီး ယခုကဲ့သို့ အထက်စီးဆန်တာမျိုးကို တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
'အားလုံး သူမကို တက်နင်းခွင့်ပြုပြီး ဘာမှပြန်မပြောတတ်တဲ့ ကုပ်ကုပ်ကုပ်ကုပ်နေတဲ့ ကောင်မလေးက ဘယ်ရောက်သွားတာလဲ'
အန်တီတင်းက ဘာလုပ်ရမလဲဟူ၍ ချင့်ချိန်နေပြီး ရှင်းဟယ်ကို ကြည့်လာသည်။
နောက်ဆုံး၌ ရှင်းဟယ်ကို လျစ်လျူရှုရန်ကိုသာဆုံးဖြတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီးထက် ပို၍အာဏာကြီးတဲ့သူကိုပဲ နားထောင်မည်ဖြစ်သည်။
အန်တီတင်းက ရှင်းဟယ်ကို တမင်ဥပေက္ခာပြုလိုက်ပြီး သက်တော်စောင့်များက်ို အေးစက်စက်ဖြင့် အမိန့်ပေးလိုက်သည်။
"သူ့ကို အိမ်ပြန်ခေါ်လာခဲ့၊ တကယ်လို့ သူမရုန်းနေရင် အရင်နည်းလမ်းဟောင်းကိုသုံးလိုက်"
"ဟုတ်ကဲ့"
သက်တော်စောင့်တစ်ဦးက ရှေ့ထွက်လာပြီး ရှင်းဟယ်ကို စိုက်ကြည့်ပြီး ခြိမ်းခြောက်လိုက်သည်။
…
Zawgyi
BINABASA MO ANG
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...