အခန်း ၂၅၇။ ပထမဆုံး လက်ဆောင်
“ဒီလိုဆိုရင် မင်းဒီကို ဘာလာလုပ်တာလဲ။ ငါတို့ရဲ့ ချူးအိမ်တော်က အဲ့ဒီရဲ့ ခွေးမကို မကြိုဆိုဘူးဆိုတာ မင်းသိသင့်တယ်”
“ကျွန်မတို့တွေက ထျန်ရှင်းကို လက်ဆောင်တချို့ပေးဖို့ အတွက် ဒီရောက်လာတာပဲ”
ယခုအခေါက်တွင် ဖြေလိုက်သည့်သူက ရှင်းဟယ် ဖြစ်သည်။
သူမ၏ လေသံက တည်ငြိမ်နေသော်ငြား ကြီးမားသည့် ဖိအား ပါရှိနေသည်။
မစ္စချူးက မျက်မှောင်ကျုံ့သွား၏။
“လက်ဆောင်လား။ ဘာလက်ဆောင်လဲ”
ရှင်းဟယ်က အေးစက်သော မဲ့ပြုံးဖြင့် အမိန့်ပေးလိုက်သည်။
“အားလုံး... ချူးထျန်းရှင်းဆီ သူ့ရဲ့ ပထမဆုံးလက်ဆောင် ယူလာပေးလိုက်”
ချက်ချင်းပင် သက်တော်စောင့်နှစ်ဦးက ထမ်းစင် တစ်ခုကို သယ်လာသည်။
တစ်စုံတစ်ခု ရှိနေပုံရသော်ငြား အဝတ်ဖြူဖြင့် ဖုံးအုပ်ထားပေ၏။
ဆန်းကြယ်သည့် အရာဝတ္ထု ရောက်ရှိလာမှုက သူတို့နားရှိ လေထုကို စိမ့်သွားစေသည်။ ယင်းက အန္တရာယ်များသည့် အငွေ့အသက် တစ်ခု ဖြာထွက်နေပေ၏။ ထျန်းရှင်း၏ အလိုလိုသိစိတ်အရ ထိုအရာသည် မည်သည့်နည်းနှင့် မဆို မကောင်းသည့်အရာဟု သူမကို ပြောနေပေသည်။
ထမ်းစင်ကို နှစ်ဦးနှစ်ဖက်ကြားရှိ မြေပြင်ပေါ်ချပေးပြီးနောက် သက်တော်စောင့်များသည် တိတ်တဆိတ် ပြန်ဆုတ်သွားကြတော့သည်။
ရှင်းဟယ်က ထျန်းရှင်းကို ကြည့်ပြီးနောက် အမိန့်ပေးလိုက်၏။
“လုပ်လေ ဖြည်လိုက်လေ။ ဒီမယုံနိုင်စရာ ကောင်းတဲ့ လက်ဆောင်အတွက် ငါ အချိန်ကြာကြာ ခက်ခက်ခဲခဲ ပြင်ဆင်ခဲ့ရတာ”
“ရှရှင်းဟယ် နင်ဘာအကွက်တွေ ရွှေ့နေတာလဲ”
ထျန်ရှင်းက သူမဖက်လှည့်လိုက်သည်။
“ငါနင်နဲ့ ဆော့ကစားဖို့ စိတ်မပါဘူး။ နင်လိုချင်တာကို ရှင်းရှင်းလင်းလင်းပြော မဟုတ်ရင် အိမ်ထဲကနေ ထွက်သွားလိုက်”
YOU ARE READING
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...
