အခန်း ၂၀‌‌၆

1.3K 100 2
                                    

အခန်း ၂၀၆။

ပထမဆုံးအလုပ်တက်တဲ့နေ့

အလုပ်၌ တစ်နေ့ကုန်ပင်ပန်းပြီးနောက် ရှင်းဟယ် ဓာတ်ခွဲခန်းမှ ထွက်လာစဉ် ဝင်ပေါက်နှင့်မနီးမဝေး၌ မုပိုင်၏ တန်ဖိုးကြီးကား ရပ်ထားသည်ကို တွေ့လိုက်ရသည်။

မုပိုင်သည် အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ထားပြီး ကားစက်ဖုံးကို ပျင်းရိပျင်းတွဲဖြင့် မှီနေ၏။

နေဝင်ချိန် ဖြစ်နေ၍ သူ၏ ရုပ်ဆင်းအင်္ဂါကို ထင်းနေစေသည်။ အရိပ်က
သူ့မျက်နှာတစ်ဝက်ကို ဖုံးထားသည်က ထိုလူ၏သွင်ပြင်ကို လျှို့ဝှက်ဆန်းပြားသည့် အငွေ့အသက်မျိုး ရစေသည်။

နေရောင်မှိန်မှိန်လေး ကျနေသည်က သူ၏ ပြီးပြည့်စုံသည့် အရိုး ဖွဲ့စည်းပုံနှင့်
မှီနေသည့် ခန္ဓာကိုယ်ကို သဘာဝအတိုင်းလေး ပေါ်လွင်နေစေသည်။

သူက ရွှေအိုရောင် နေရောင်အောက်တွင် ဆီဆေးပန်းချီကားမှ တော်ဝင်ဆန်ပြီး ညှို့ယူဖမ်းဆွဲနိုင်သော ဂရိနတ်ဘုရား အပိုလိုသဖွယ်ဖြစ်နေသည်။

သူ့အပေါ် ခံစားချက်မရှိတော့သည့် ရှင်းဟယ်တောင်ရင်ခုန်သွား၏။

သူမနောက်မှ မိန်းကလေးအင်ဂျင်နီယာနှစ်ဦး တအံ့တဩ ပြောနေကြသံကို သူမကြားလိုက်ရသည်။

"အဲဒါ ဘယ်သူလဲ"

"သူဘယ်သူလဲဆိုတာ နင်မသိဘူးလား။ ဒါက ငါ ဒီဓာတ်ခွဲခန်းမှာ လာအလုပ် လျှောက်ရတဲ့ အကြောင်းအရင်းလေ"

"သူက သိပ်ကို စိတ်ကူးယဉ်ဆန်တာပဲနော်...နင်ရောမထင်ဘူးလား"

သူတို့၏ အင်ဂျင်နီယာဓာတ်ခွဲခန်းလိုနေရာမျိုးတွင် အမျိုးသား ဦးရေသည် အမျိုးသမီးဦးရေထက် ပိုများတာကြောင့် အမျိုးသမီးအင်ဂျင်နီယာများမှာ များသောအားဖြင့် သူတို့ပါတနာအကြိုက် ရှိကြသည်။ သူတို့ ထိုသို့ပြောနေပုံထောက်လျှင် ထိုအမျိုးသားက တကယ့်ကို နှစ်လိုဖွယ်ကောင်းတာကြောင့်ပင်...

သူတို့စကားကို ကြားရသော် ရှင်းဟယ် ထူးထူးဆန်းဆန်း ပီတိဖြစ်နေသည်။

သူမ ပြုံးကာ ပျော်မွေ့နေစဉ် မုပိုင်က ရုတ်တရက် လှည့်လာပြီး သူမနှင့် သူ၏ ပြင်းပြသော မျက်ဝန်းနက်တို့ဆုံသွား၏။

ဝေးလွင့်ပြီးသော အတိတ် (၂)Donde viven las historias. Descúbrelo ahora