အခန်း ‌၂၂၇

1K 97 2
                                    

အခန်း ၂၂၇။

အောင်မြင်မှုကို လက်လှမ်းမှီ

ရှင်းဟယ်သေသွားပြီးမှသာ သူတို့ဘဝက အမှန်တကယ် စတင်နိုင်မည်ဖြစ်သည်။

ရှင်းဟယ် အသက်ရှင်ကျန်ရန်အတွက်နှင့် သူတို့၏ပျော်ရွှင်မှုကို အနစ်နာခံသင့်သည့် အကြောင်းမရှိတာကြောင့် ရှရှင်းဟယ် သေကိုသေရမည်၊ အခြားရွေးချယ်စရာမရှိပေ။

အပျော့စား စိတ်ရောဂါပင်၊ ယွင်ရို့ပင်း အရေးကြီးကိစ္စဟူ၍ပင် မတွေးချေ…

သို့သော် ရှင်းဟယ်က ရက်များဆက်တိုက် အိမ်တွင်သာနေနေ၍ သူတို့ လုပ်ကြံရန် အခွင့်မသာချေ။

သူမ ဓာတ်ခွဲခန်းဆီသို့လည်း သေချာပေါက် မသွားပေ။

ရို့ပင်းက သူမမရှိသည်ကို စိတ်မဆိုးပေ။ ၎င်းက သူမကို လက်အတုဆောက်လုပ်သည့်လုပ်ငန်းစဥ်တွင် ပိုအာရုံစိုက်စေလေသည်။

ရို့ပင်း ဓာတ်ခွဲခန်း၌ သူမအင်ဂျင်နီယာအဖွဲ့နှင့် လက်အတုပြုလုပ်နေ၍ရှင်းဟယ်ကို ခေါင်းထဲမှ ထုတ်ထားလိုက်သည်။

ထိုလုပ်ငန်းစဥ်အတွင်း ရှင်းဟယ် မည်မျှထိ စွမ်းဆောင်နိုင်သည်ကို ရို့ပင်း ပိုမြင်လာသည်။

ရှင်းဟယ်၏ နည်းပညာမှာ ရှေ့အရမ်းရောက်လွန်းလေသည်။ သူမဒီဇိုင်းသည် လက်ရှိနည်းပညာထက် အနည်းဆုံး နှစ် ၅၀မျှ ရှေ့ရောက်နေ၏။

ခေတ်သစ် လူ့အဖွဲ့အစည်းတွင် နည်းပညာပိုင်း၌ ရာစုနှစ် ဆယ်စုနှစ်စာကွဲခြားမှုကပင် ငါးဆထက်မနည်း ကိန်းဂဏန်းအရ အလွန်ကြီးလေသည်။

၎င်းက ရှင်းဟယ် အရမ်းသာလွန်၊ ထက်မြက်ကြောင်း ပြသနေတော့သည်။

တစ်ကမ္ဘာလုံး သူမကို ဦးချလာနိုင်သည်မှာ အနှေးနှင့် အမြန်ပင်။

ချမ်းသာကြွယ်ဝမှုများ၊ အာဏာ၊ ဩဇာလွှမ်းမိုးမှုများက သူမအနာဂတ်တွင် စောင့်နေလေသည်။

ရို့ပင်း၏ သိမ်ငယ်မှုက ပိုပေါ်လွင်လာ၍ ပိုမို မနာလိုလာသည်။ မနာလိုမှုက သူမ၏ချင့်ချိန်နိုင်စွမ်းကို ဝါးမျိုသွားပြီး သူမ ချောက်နက်ထဲသို့ ကျသွားသည်။

ဝေးလွင့်ပြီးသော အတိတ် (၂)Donde viven las historias. Descúbrelo ahora