အခန်း ၃၀၈

795 63 0
                                    

အခန်း ၃၀၈။ အရှက်မရှိတာများ ကမ်းကုန်ပဲ

မုပိုင်က ရှင်းဟယ်၏ ထိုကဲ့သို့တည်ငြိမ်အေးဆေးသည့်ပုံလေးကို မြတ်နိုးလေသည်။ သူမ မည်သည်ကိုကြုံတွေ့နေရပါစေ သူမ တည်တည်ငြိမ်ငြိမ်နှင့် ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်လေသည်။ သူမနှင့် စကားပြောပြီးတိုင်း သူ့ဝန်ထုပ်ဝန်ပိုးများ လျော့သွားသကဲ့သို့ ခံစားရလေသည်။

“မင်း အိမ်ထဲမှာပဲနေနေရတာ တော်တော်ကြာပြီ။ မင်းကို အပြင်ထွက်
လမ်းလျှောက်ဖို့ လိုက်ခဲ့ပေးရမလား” သူက ကြင်ကြင်နာနာဖြင့် မေးလိုက်သည်။

ရှင်းဟယ်သည် ရှမုန့်ဖြစ်လာခဲ့ကတည်းက သူမ ဗီလာထဲမှာပဲနေဖြစ်လေသည်။ သို့သော် ရှင်းဟယ်က အပြင်မထွက်ချင်၍မဟုတ်၊ သူမ လိုအပ်သည်ဟုလည်း မထင်ပေ။ သူမ တိတ်တိတ်ဆိတ်ဆိတ် နေနေရသည်ကို သဘောကျပေသည်။

“ရတယ်၊ ကျေးဇူးပါပဲ…” ရှင်းဟယ် စကားဆုံးသွားသည်နှင့် အပြင်ဖက်မှ
ဆူညံသံအကျယ်ကြီးကို သူတို့ ကြားလိုက်ရသည်။

အမျိုးသမီးတစ်ဦး၏ စူးစူးဝါးဝါးအော်သံဖြစ်ပြီး အော်သံမှာ ကျယ်လွန်း၍ သူတို့ အဝေးကြီးကနေပင် ကြားနေရလေသည်။

မုပိုင် ရုပ်တည်သွားပြီး ဒေါသတကြီး ပြောလိုက်သည်။

“အဲဒီမိန်းမတွေ ပြန်ရောက်လာပြန်ပြီပဲ”

ထိုအမျိုးသမီးများမှ ယဲ့မိသားစုမှ ဖြစ်သည်ကို ပြောစရာကိုမလိုတော့ချေ။ ယဲ့ရှန် အဖမ်းခံရပြီးနောက် သခင်မယဲ့က နေ့စဉ်နေ့တိုင်း ပြဿနာလာရှာလေသည်။ ရှမုန့်က သူ့သားကို ထောင်ချောက်ဆင်ခဲ့ကြောင်း သူမ သေချာသိနေ၍ ရှမုန့်ဆီမှ ရှင်းပြချက်ကို နေ့စဉ်လာတောင်းလေသည်။ သူမကို အစောင့်များက ပိတ်ထား၍ သူမက ရှမုန့်နာမည်ကို အသရေဖျက်ကာ ပြောဆိုနေလေသည်။ ဂုဏ်သိက္ခာရှိသည့် မိသားစုမှ မဒမ်တစ်ယောက်၏နှုတ်မှ ပြောလာလိမ့်မည်ဟု မထင်မှတ်ထားသောစကားလုံးများ သူမပါးစပ်မှ ရေတံခွန်သဖွယ် ဆက်တိုက် ကျလာလေသည်။

“ရှမုန့် အပျက်မ၊ ဒီကိုထွက်လာပြီး ငါ့နဲ့ ရင်ဆိုင်။ နင်အပျက်မ နင်က
ကိုယ့်ယောက်ျားကို ပစ်ပြီး အခြားယောက်ျားနဲ့ ဘယ်လိုလုပ်ပြီး ဖောက်ပြန်နိုင်ရတာလဲ။ နင် ဝဋ်ပြန်လည်လိမ့်မယ်”

ဝေးလွင့်ပြီးသော အတိတ် (၂)Donde viven las historias. Descúbrelo ahora