အခန်း ၂၁၄

1.1K 81 1
                                    

အခန်း ၂၁၄။

မျက်နှာချို မသွေးတတ်သော အကျင့်စရိုက်

ထျန်ရှင်း၏ မျက်မှောင်ကျုံ့နေသည့် အနေအထားက ကျေနပ်အားရသည့် မဲ့ပြုံး အဖြစ် ပြောင်းလဲသွားတော့သည်။

သူမ အမူအရာထဲတွင် အလိုလို ပြောင်းလဲမှုမျိုးက ရှင်းဟယ်၏ တွေ့ရှိမှုများထဲမှ မလွတ်မြောက်နိုင်။

“လူတွေက ပြောင်းလဲတတ်တာပဲလေ”

ရှင်းဟယ်က ရှီးသခင်မကြီး၏ လေ့လာမှုကို သာမန်သာ ပြန်ဖြေလိုက်သည်။ သူမကပင် ရှီးသခင်မကြီးကို ဆက်လက်မေးလိုက်တော့၏။

“ရှီးသခင်မက ကျွန်မကို ဒီခေါ်လိုက်တာက ဓာတ်ခွဲခန်းထဲမှာ ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြောချင်တာကြောင့်လား"
ရှီးသခင်မကြီးက ရှင်းဟယ်၏ ‌ရှင်းဟယ် မောင်းထုတ်လိုသည့် ဆန္ဒကို ဖြတ်တောက်ချင်တာ ဖြစ်သည်။

သူမက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

“ညည်းပြောတာ မှန်တယ်။ ငါညည်းရဲ့ အမှားအတွက် ညည်းကို အပြစ်ပေးမှာ မကြောက်တဲ့ ပုံပဲနော်”

“ရှီးသခင်မက ဟာသ အမြင်ရှိတာပဲ။ အမှားကျူးလွန်ခဲ့မှန်းတောင် ကျွန်မ မသိဘူး”

ရှင်းဟယ်က တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်၏။

“မစ္စယွင် ဓာတ်ခွဲခန်းထဲကနေ မောင်းထုတ်ခံရတဲ့ အဖြစ်အပျက်ကို ပြောတာ ဆိုရင်တော့ ဒီအဖြစ်အပျက်မှာ ကျွန်မ အမှား မလုပ်ခဲ့ဘူးဆိုတာ သေချာပြောရဲတယ်"

“နင်မလုပ်ခဲ့ဘူး ဟုတ်လား”

မစ္စရှီးက နှုတ်ခေါင်းရှုံ့လိုက်၏။ ရှင်းဟယ်နှင့် သူမ အချိန်ပိုကုန်လေလေ ရှင်းဟယ် အပေါ် အထင်သေးမှုက တိုးလာလေ ဖြစ်၏။

နင်က အကောက်ကြံနေပြီး ထျန်ရှင်းနဲ့ မုပိုင်ရဲ့ စေ့စပ်မှုကို ဖျက်ခဲ့တယ်။ ဒါကို အမှားလို့ မထင်ဘူးလား။ ပထမဆုံး အလုပ်လုပ်တဲ့နေ့မှာ အဲဒီမှာ ဆယ်စုနှစ် တစ်စုလောက် လုပ်လာခဲ့တဲ့ ရို့ပင်းကို မောင်းထုတ်ပြီးနေပြီ။ နင့်ကို အပြစ်မရှိဘူးလို့ သတ်မှတ်သေးတယ်ပေါ့။ ရှရှင်းဟယ် နင်ရှုံ့ချမှုရဲ့ အထက်မှာ ရှိနေတယ်လို့ တကယ်ထင်နေလား။ ထင်စရာပဲ။ ငါတို့ ရှီးမိသားစုက နင်လိုလူနဲ့ ကြုံတွေရတာ ဘယ်လိုကံဆိုးမှုမျိုးလဲ။ မုပိုင်ကို နင်နဲ့ လက်ထပ်ခွင့် ပေးမိတာတောင် နောင်တရမိတယ်။ ငါ့ရဲ့ ရှီးမိသားစုဆီ နင့်ကို ဝင်ခွင့်ပေးခဲ့တာ တကယ် နှမျောဖို့ကောင်းတယ်။ နင်က ဘာပြန်ပေးခဲ့လဲ။ ခေါင်းခဲ ရင်နာစရာတွေနဲ့ ကပ်ဆိုးတွေချည်းပဲ ပေးခဲ့တာ”

ဝေးလွင့်ပြီးသော အတိတ် (၂)Donde viven las historias. Descúbrelo ahora