အခန်း ၂၁၂။
သခင်မကြီး ရှီးထံမှ ဆင့်ခေါ်ချက်
သူမ၏ စိတ်က ကွန်ပျူတာများပေါ်တွင် အလုပ်လုပ်ပြီး ဒေတာများကို ခွဲခြမ်းစိတ်ဖြာနေသည်မှာ သူမ အသက်ရှုသကဲသို့ သဘာဝ ကျလွန်းသည်။ ဖော်မြူလာများ ဂရပ်များ အားလုံးနီးပါးကို သူမ၏ စိတ်ထဲတွင် အချက်အလက်များ အလိုအလျှောက် ပြောင်းလဲလိုက်နိုင်သည်။ ကွန်ပျူတာ တစ်လုံးကဲ့သို့ပင် သူမ၏ ဦးနှောက်က အာဂိုရစ်တမ်၏ နည်းမျိုးစုံကိုလည်း အသုံးပြုနိုင်စွမ်း ရှိသည်။ အမှန်တကယ်တွင် သူမက ရှုပ်ထွေးသည့် မေးခွန်းများကို ဖြေရှင်းရန်အတွက် များစွာသော အာဂိုရစ်တမ်များကိုလည်း လေ့လာထားခဲ့သည်။ ရိုးရိုးရှင်းရှင်းဆိုရလျှင် သူမက အချက်အလက်များ ထုတ်နိုင်စွမ်းရှိသည့် ဉာဏ်ကြီးရှင် တစ်ဦး ဖြစ်သည်။
“မင်းကို ချဉ်းကပ်ဖို့ ဆုံးဖြုတ်တာ မှန်သွားတာပဲ”
အယ်ချန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
“ရှရှင်းဟယ် အခုကစပြီးတော့ မင်းဆီကို ကော်နဲ့ ကပ်ထားသလို တွယ်ကပ်နေတော့မှာ”
“အဲဒါက ရှင်ကျွန်မအပေါ် ပေးမဲ့ အချက်အလက်တွေ ဘယ်လောက် အရေးကြီးလဲဆိုတာ အပေါ် မူတည်တယ်”
ရှင်းဟယ်က ဖိပြောလိုက်၏။သူမသည် သူ့အကူအညီကို လက်ခံရန် သဘောတူကောင်းတူပေမည်။ သို့သော် သူ့ကို အပြည့်အဝ ယုံကြည်မည်ဟု မဆိုလိုပေ။
အယ်ချန်းက ပြုံးပြီး ပြောလိုက်၏။
“စိတ်မပူနဲ့ စိတ်ချထားလိုက်။ ကျုပ်မှာရှိတဲ့ အချက်အလက်က တန်ဖိုးကြီးလို့ မရဘူး”
ရှင်းဟယ်က မျက်ခုံး ပင့်လိုက်သော်လည်း သူမ အမြင်ကို ထိန်းထားဆဲ ဖြစ်သည်။
သူမ မကြာမီတွင် သေနိုင်သည်။ သို့သော် ဂလက်ဆီ ပရောဂျက်အကြောင်း သိချင်စိတ်တို့က ပြင်းပြနေသေးဆဲ ဖြစ်သည်။ ယင်းက သူမမိခင် ဆန်းကြယ်စွာ ပျောက်ကွယ်သွားမှုနှင့် သက်ဆိုင်နေပေ၏။
ယခုမူ သဲလွန်စ တစ်မျှင် ပေါ်လာပြီ ဖြစ်ရာ သူမ လက်လျှော့မှာ မဟုတ်ပေ။ အဲချန်း သူ့စကားသူတည်ပြီး သူရရှိထားသည့် အချက်အလက်များက စိတ်မပျက်စေရန် သူမ မျှော်လင့်မိသည်။ ရုတ်တရက် ရှင်းဟယ်၏ ဖုန်းမည်လာတော့၏။ သူအဖို့ အံ့ဩသွားရသည့် အကြောင်းအရင်းက ရှီးမိသားစု၏ အိမ်တော်ကြီးမှ ဖုန်းဆက်လာခြင်း ဖြစ်သည်။ ရှီးသခင်မကြီးက သူမကို တွေ့ဆုံရန် ရည်ရွယ်နေ၏။
ČTEŠ
ဝေးလွင့်ပြီးသော အတိတ် (၂)
Romanceကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...