အပိုင်း ၂၇၈။
နေ့လယ်စာသွားလုပ်
“ဘာ”
သူက အလျင်စလို ထထိုင်လိုက်ပြီး သူ၏ မျက်နှာတွင် ထိတ်လန့်မှု၊ စိုးရိမ်ပူပန်မှုတို့ ရှိနေ၏။
သူ့ဘေးတွင် အိပ်နေသည့် အမျိုးသမီးက သူ၏ အဝတ်ဗလာ ခန္ဓာကိုယ်ကို တွယ်ထားသည်။ သူမက စိုးရိမ်ပူပန်စွာ မေးလိုက်၏။
“ဟန်နီ မနက်အစောကြီး ဘယ်သူဆက်တာလဲ”
ယဲ့ရှန်းက သူမပြောတာကို မကြားသည့်အလား ပြုမူနေ၏။ သူ၏ မျက်နှာက မိုးကြိုးပစ်ခံရသကဲ့သို့ ဖြူရောနေသည်။
“ရှန်းရှန်း ရှင်ဘာဖြစ်တာလဲ”
ထိုအမျိုးသမီးက မေးလိုက်၏။
“အားလုံးမှားနေပြီ”
ယဲ့ရှန်းက တုန်ရင်နေသော လက်ချောင်းများဖြင့် ဖုန်းကို အမြန်ချလိုက်ပြီးနောက် အိပ်ရာထဲမှ ထွက်တော့သည်။
“ရှင်ဘာကိုဆိုလိုတာလဲ။ ကျွန်မကိုပြော။ ကျွန်မ ကူညီနိုင်မလားလို့”
အမျိုးသမီးသည် အင်မတန် ငြီးတွားလိုက်ပြီး သူ့ကို ပြန်ဆွဲထားရန် ကြိုးစားလိုက်သည်။
“ထွက်သွား”
ယဲ့ရှန်းသည် သူမကို အဝေးသို့ တွန်းထုတ်လိုက်ရာ သူ့တစ်ကိုယ်လုံးက လွင့်ထွက်သွား၏။
မကြာမှီ၌ ယဲ့အိမ်တော်၏ အရှေ့တံခါးဝကို ပြေးထွက်လာပြီး အဝတ်အစား အပြည့်အစုံတောာင် မဝတ်ရသေးပေ။ သူ၏ ကားပေါ်တက်ပြီးနောက် လီဗာကို ဆောင့်နင်းချလိုက်တော့သည်။
သူမ အိပ်ခန်း၏ ပြတင်းပေါက်ဘေးတွင် ရပ်နေသော ရှင်းဟယ်က မဲ့ပြုံးပြုံးပြီး ကားမောင်းထွက်သွားတာကို ကြည့်နေသည်။
ယင်းက သူ့ကို အချိန်အတိုင်းအတာ တစ်ခုအထိ အလုပ်များနေစေမှာပဲ ဖြစ်သည်။
ကောပိုရေးရှင်း၏ လျှို့ဝှက်ချက်များ ပေါက်ကြားမှုက အသေးအမွှား မဟုတ်ပေ။ အဆိုးဆုံးအခြေအနေတွင် ယဲ့ကောပိုရေးရှင်းက ဒေဝါလီတောင် ခံရနိုင်သည်။
သူမသည် ရှချင်းကို သူမ၏ အရည်အချင်းများကို တရားမဝင် ကိစ္စများအတွက် အသုံးမပြုဟု ကတိပေးခဲ့ဖူးသောကြောင့် ရှင်းဟယ်သည် စိတ်ထဲ အနည်းငယ် အပြစ်ရှိ စိတ်ထဲ မသိုးမသန့် ခံစားနေရသည်။ သို့သော် ဤအခြေအနေတွင် သူမ ရွေးချယ်စရာ မရှိပေ။ ထို့အပြင် ယဲ့ရှန်းကဲ့သို့သော် ကောက်ကျစ်သည့်သူကို ကြင်နာနေစရာ အကြောင်းမရှိပေ။ သူ့ကို သင်ခန်းစာပေးတာလည်း သူမစိတ်ထဲမထားချေ။
VOUS LISEZ
ဝေးလွင့်ပြီးသော အတိတ် (၂)
Roman d'amourကွာရှင်းစာချုပ်တည်းဟူသော စာတစ်ရွက်က ရုရှင်းဟယ်ကို ကယ်သူမဲ့ ဒုက္ခဆင်းရဲပင်လယ်တွင်း ကျရောက်အောင် တွန်းပို့ သွားခဲ့သည်။ သို့သော်လည်း ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ သူမသည် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ထက်မြက်သော ဟက်ကာတစ်ဦး ဖြစ်လာခဲ့လေသည်။ သူမ...