အခန်း ၂၁၅

1.1K 82 1
                                    

အခန်း ၂၁၅။

ရို့ပင်းက ဒီဇိုင်းဆွဲပြီးသွားပြီ

ရှီးသခင်မကြီးက ပြန်မပြောသော်ငြား သူမ၏ ချွေးမက ပြောလိုက်သည်။

“အကြောင်းပြချက် မရှိဘူးလေ။ နင်ရို့ပင်းကို အကြောင်းပြချက် မရှိ မောင်းထုတ်ခဲ့သလိုမျိုး ငါတို့လဲ နင့်ကို အခု မောင်းထုတ်နိုင်ပြီးသား။ နင်ကို ဓာတ်ခွဲခန်းထဲမှာ နေခွင့်ပေးတာက အချိန်နဲ့ အရင်းအမြစ် ဖြုန်းတီးရုံပဲ ရှိတယ်။ ဒါကြောင့် ဓာတ်ခွဲခန်းထဲ တစ်လှမ်းမှ ထပ်လှမ်းဖို့ မစဉ်းစားနဲ့ နင့် တစ်ဘ၀လုံး တားမြစ်ခံရပြီပဲ”

ရှီးသခင်မက ရှင်းဟယ်ကို သင်ခန်းစာပေးရန် စောင့်ဆိုင်းနေခဲ့တာ ဖြစ်သည်။ ထို့ကြောင့် ရှင်းဟယ်ကို ကြိမ်းမောင်းသည့် အချိန်တွင် ဘာကိုမျှ ထိန်းချုပ် မထားပေ။

ရှင်းဟယ်၏ အနက်ရောင် မျက်ဝန်းတစ်စုံက ရှီးသခင်မကြီးက တီးတိုးစွာ စိုက်ကြည့်လိုက်သည်။

“အဲဒါကြောင့်ပဲလား”

ရှီးသခင်မကြီးက အကြည့်ချင်း ဆုံလိုက်၏။

“ရို့ပင်းက အကောင်းဆုံး ဒီဇိုင်းပြီးသွားပြီ။ ဒီတော့ နင် အသုံးမဝင်တော့ဘူး”

ရှင်းဟယ်၏ အကြည့်က ရို့ပင်းဆီ ရောက်သွားသည်။

ရို့ပင်းက တောက်ပစွာ မဲ့ပြုံးပြုံး ပြုံးလိုက်၏။

“အမှန်ပဲ။ ငါဒီဇိုင်းပြီးသွားပြီ။ အခု တည်ဆောက်ဖို့ပဲ ရှိတော့တာ။ ဒီတော့ နင့်ကို မလိုအပ်တော့ဘူး”

“ဒီဇိုင်းပြီးသွားပြီတဲ့လား”

ရှင်းဟယ်က သံသယဖြင့် မေးလိုက်သည်။

“အပြင်လူ အကူအညီ မပါဘဲနဲ့လား”

“ရှရှင်းဟယ်”

ရှင်းဟယ်၏ စကားများက တစ်စုံတစ်ခုကို ထိမိပုံဖြင့် ရို့ပင်းကို စိတ်ပူပန်သွားစေ၏။

“နင်ဘာတွေ အယုံသွင်းနေတာလဲ။ နင်ပဲ ဒီဇိုင်းကို ပြီးဆုံးအောင် လုပ်နိုင်ပြီ တခြားသူတွေက မလုပ်နိုင်တော့ဘူးလား။ ငါ့ကို ရယ်အောင် မလုပ်နဲ့။ နင့်ထက်သာတဲ့သူတွေ အများကြီး ရှိတယ်။ ဒါကြောင့် နင့်ကိုနင် ဒီလောက် အမြင့်ကြီးတွေးမနေနဲ့”

ဝေးလွင့်ပြီးသော အတိတ် (၂)Donde viven las historias. Descúbrelo ahora