အပိုင်း ၂၈၁

927 60 1
                                    

အခန်း ၂၈၁

။ ရှီးမုပိုင်ရောက်နေတယ်

သူမ၏စိတ်လှုပ်ရှားမှုက သခင်မယဲ့ကိုပင် သက်ရောက်မှုရှိနေသည်။

ရှီးမုပိုင် ရုတ်တရက်ရောက်လာခြင်းက ကောင်းကင်မှ ဆုချီးမြှင့်လိုက်သကဲ့သို့ ကောင်းခြင်းများကို အိမ်ဆီသို့ သယ်ဆောင်လာပေးသည်။

“မြန်မြန် သူ့ကိုသွားကြိုဖို့ ငါ့ကိုခေါ်သွား။ သခင်လေးကို ဖုန်းဆက်လိုက်၊ သူ့ကို ချက်ချင်း အိမ်ပြန်လာခိုင်းလိုက်၊ ဥက္ကဋ္ဌရှီးက သူ့ကို ရှာနေတယ်လို့ပြောလိုက်” ဟု သခင်မယဲ့က စိတ်လှုပ်ရှားစွာပြောလာသည်။

ယဲ့ချင်က သူမအမေ၏လက်ကို အပြေးလေးလှမ်းချိတ်လိုက်သည်။

”မား သမီးလည်းလိုက်မယ်”

အစောင့်က ဖုန်းထုတ်ပြီး ယဲ့ချန်ကို ဖုန်းဆက်ရန် ပြင်လိုက်သော်လည်း မူမမှန်သည့်အရာကို သတိရသွားသည်။

သူက သခင်မယဲ့ကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြောလာသည်။

“မဒမ်…ဥက္ကဋ္ဌရှီးက သခင်မလေးကို တွေ့ချင်တယ်လို့ပြောတာ၊ သခင်လေးကို မဟုတ်ဘူး”

“ဘာ” သခင်မယဲ့နှင့် သူမသမီးတို့ စိတ်ရှုပ်ထွေးသွားသည့်ပုံဖြင့် ပြန်ဖြေလာသည်။

အစောင့်က သတင်းလာပို့သောအချိန်က သူတို့မုပိုင်နာမည်နှင့်တင် အလွန်စိတ်လှုပ်ရှားနေကြ၍ ကျန်အရာများကို အာရုံမစိုက်မိလိုက်ကြချေ။

သူက ယဲ့ရှန်းမိန်းမကို လာတွေ့မည်ဟု မထင်ထားကြ၊ ယဲ့ရှန်းကို အလုပ်ကိစ္စကြောင့် လာတွေ့သည်ဟုသာ မှတ်ယူခဲ့ကြသည်။

ယဲ့ချင်က ရှင်းဟယ်ကို အထင်သေးပြီး မနာလိုသောပုံဖြင့် စိုက်ကြည့်လိုက်သည်။

“သူက သူမကိုတွေ့ချင်တာ၊ ဘာလို့လဲ”

သခင်မယဲ့က မယုံနိုင်သေးပေ။

“နင်နားကြားမှားလာတာလား။ ဥက္ကဋ္ဌရှီးက တကယ်ပဲ ငါ့ရဲ့ ယဲ့ရှန်းကို လာတွေ့တာမဟုတ်ဘဲ သူမကိုလာတွေ့တာတဲ့လား”

အစောင့်က တည်ငြိမ်စွာဖြေလာသည်။

“ကျွန်တော်လည်း သေချာမသိပေမဲ့ ဥက္ကဋ္ဌရှီးက အဲလိုပြောလိုက်တာပါ။ သူက သခင်မလေးရှနဲ့ တွေ့ဖို့ ရောက်လာတာတဲ့”

ဝေးလွင့်ပြီးသော အတိတ် (၂)Onde histórias criam vida. Descubra agora