အခန်း ၂၁၁

1.6K 101 1
                                        

အခန်း ၂၁၁။

ကိုယ့်ကိုယ်ကိုယ်  ချစ်ခင်သနားသူ

ဂလက်ဆီ ပရောဂျက်ဟု ထည့်ပြောလိုက်သည့် အချိန်တွင် ရှင်းဟယ်၏ မျက်လုံးက ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသည်။

သူမက တစ်ဖက်ခြမ်းကို ကြည့်လိုက်ပြီး သူ့အမူအရာကို ဖတ်ရန် ကြိုးစားလိုက်၏။ အယ်ချန်းကလည်း သူမနှင့် တစ်ထပ်တည်း ပြုမူနေသည်။

“မင်းဘယ်သူလဲ”
ရှင်းဟယ်က အေးတိအေးစက် မေးလိုက်၏။

“ကျွန်တော်က အယ်ချန်းလေ။ ကျွန်တော်ထင်တာက တစ်နည်းနည်းနဲ့ သက်ဆိုင်တဲ့သူပေါ့”

“ကြည့်ရတာ။ ကျုပ်သံသယ အတိုင်း ဖြစ်နေပုံပဲ။ ဒီနာမည်ကို ခင်ဗျား အရင်က ကြားဖူးတာပဲ။ ဒါမဲ့ ပြောရရင် ခင်ဗျားရဲ့ နာမည်က လူသိများတာကို”

“ဂလက်ဆီ ပရောဂျက်ဆိုတာ ဘာလဲ”

ရှကျီက ဘေးကနေ မေးလိုက်၏။ သူ့မကို မည်သူမျှ မဖြေကြချေ။

“အကူအညီ လိုအပ်ရင် လာခဲ့လိုက်၊ ဒါပေမဲ့ နောင်ကျ မင်းရဲ့ အကူအညီကို ကျွန်တော်တို့ ယူရမယ်ဆိုတာ သေချာတယ်။ ကျွန်တော်တို့ လူတွေက တစ်ယောက်နဲ့ တစ်ယောက် ကြည့်ပေးသင့်တယ်လေ”

အယ်ချန်းက ပြောပြီးနောက် ကင်မရာကို ပိတ်လိုက်တော့၏။ သို့သော် ရှင်းဟယ်တွင် အဖြေမရသေးသည့် မေးခွန်းများစွာ ရှိနေ၏။

“အစ်မ ဂလက်ဆီ ပရောဂျက်ဆိုတာ ဘာလဲ။ အဲဒါ ဘာဖြစ်တာလဲ”
ရှကျီက သိချင်စိတ်ဖြင့် မေးလိုက်၏။

ရှင်းဟယ်က သူ့မျက်ဝန်းများထဲ စူးစိုက်ကြည့်ပြီးနောက် ပြောလိုက်၏။

“အဲဒါ ဘာလဲ ငါလည်း မသိဘူး။ ရှကျီ ငါ့ကို ဒီအကြောင်းမေးတာ ရပ်မယ်လို့ ကတိပေး ပြီးရင် ဒီကိစ္စကို တခြားသူတွေရှေ့မှာ ပြောတော့ မပြောနဲ့ မကြားသလိုပဲ နေနေ”

“ဒါပေမဲ့”
“အစ်မကို ကတိပေး”

ရှကျီက သူမ၏ မျက်ဝန်းတွင်းရှိ ကြိုးပမ်းမှုကို မြင်နေရသောကြောင့် သူက ပြောလိုက်သည်။

“ကောင်းပြီ။ ကတိပေးတယ်”

ရှင်းဟယ်က ခေါင်းညိတ်လိုက်သည်။ သူမက မတ်တပ်ထရပ်ကာ ပြောလိုက်တော့၏။

ဝေးလွင့်ပြီးသော အတိတ် (၂)Donde viven las historias. Descúbrelo ahora