အခန်း ၂၁၀

1.2K 92 1
                                    

အခန်း ၂၁၀။

ဂလက်စီ ပရောဂျက်

ရှင်းဟယ် မြန်မြန်ဆန်ဆန် တန်ပြန်တိုက်ကွက်ဆင်လိုက်သည်၊ မိနစ်အနည်းငယ် ကြာသော် တိုက်ကွက်က လျော့ပါးသွားသည်။

အမှန်မှာ ရှင်းဟယ် တစ်ဖက်လူ၏ ကွန်ပျူတာကို ခြေရာခံလိုက်နိုင်ပြီး သူတို့
ကွန်ပျူတာကို ပြန်ဟက်လိုက်နိုင်သည်။

တစ်ဖက်လူက သူတို့ပြိုင်ဘက် မဖြစ်နိုင်မှန်း သိနေ၍ အကြာကြီး မတိုက်ကြချေ။

ရှင်းဟယ် အလွယ်တကူ သူတို့ကွန်ပျူတာကို ထိန်းချုပ် သွားနိုင်သည်။ သူမ သူတို့၏ ကွန်ပျူတာ ကင်မရာကို ဖွင့်လိုက်ပြီး ထိုအမည်မသိဟက်ကာကို ကြည့်လိုက်သည်။ ဖန်သားပြင်ပေါ်၌ပေါ်လာသူမှာ ရှကျီပင် ရင်းနှီးနေသည့်သူဖြစ်သည်။

သူသည် ချောမောကာ ရှင်းဟယ်နှင့် ရှကျီကို သွားများပေါ်သည်အထိ ပြုံးပြလျက် နှုတ်ဆက်စဉ် မျက်လုံးများ အရောင်လက်နေ၏။

"ဟယ်လို"

ရှကျီက ဟာခနဲ့ဖြစ်သွားသည်။

"နေပါဦး မင်းက အီးတီလား"

သူအစ်မက လွဲ၍ ဟက်ကာပြိုင်ပွဲ၌ လေးစားဖို့အကောင်းဆုံးသူက အီးတီဖြစ်သည်။

"နာမည်က အယ်ချန်း၊ အီးတီက ဒီတိုင်း ကုဒ်နာမည်" ဟု အယ်ချန်းက ပြုံးလျက် ပြောလာသည်။ သူကိုယ်ထဲမှ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ရခက်နေသဖွယ် သူ့ထိုင်ခုံမှ ဖင်တကြွကြွ ဖြစ်နေတော့သည်။

"နင် ငါ့ဆာဗာကို ဘာလို့ လာဟက်ရတာလဲ" ဟု ရှင်းဟယ် တည်တည်ငြိမ်ငြိမ်
ဖြင့် မေးလိုက်သည်။

တရားခံက သူဖြစ်နေလိမ့်မည်ဟု သူမမျှော်လင့်ထားသော်လည်း သူမ ရှော့ခ်ရသွားသည်ကို ရှကျီထက် ဖုံးထားလိုက်နိုင်သည်။

"ဘာလို့လဲဆိုတော့ ငါမင်းကို နှုတ်ဆက်စကားပြောချင် လို့" ဟု အယ်ချန်း
အမှန်အတိုင်း ပြောလာသည်။ "မင်းရဲ့ IP address ကိုလိုက်ရှာရတာ ဘယ်လောက်
ခက်လဲ သိရဲ့လား"

"နင် ငါ့ကို ဓာတ်ခွဲခန်းမှာ နှုတ်ဆက်လို့ရတာပဲ"

"ဒါပေမဲ့ အချို့သော အကြောင်းအရာတွေက တိုးတိုးတိတ်တိတ်ပဲ ဆွေးနွေးလို့ရတာလေ။ ပြီးတော့ မင်းနဲ့ ယှဉ်ပြိုင်ရတဲ့ ခံစားချက်ကိုလည်း လွမ်းလို့..."

ဝေးလွင့်ပြီးသော အတိတ် (၂)Où les histoires vivent. Découvrez maintenant