အခန်း ၂၉၇

731 37 1
                                    

အခန်း ၂၉၇။ ရှီးမုပိုင်က သူမကို အလွန်တန်ဖိုးထား

မုပိုင်သည် ရှင်းဟယ်အနေဖြင့် ယင်းကိစ္စကို သူမဘာသာ သူမကိုယ်တွယ်ဖြေရှင်းနိုင်မှန်း သူ့သိသော်ငြား သူ့ရင်ထဲရှိ စိုးရိမ်ပူပန်မှုကို တည်ငြိမ်အောင် မလုပ်နိုင်ပေ။ သူမ၏ ဉာဏ်ရည်နှင့် ဆိုလျှင် မည်သူမျှ သူမကို လွယ်လွယ်နှင့် အန္တရာယ်ပေးနိုင်မည် မဟုတ်ချေ။

သူက သူမကို ယုံကြည်သော်ငြား သူ့နှလုံးသားကတော့ သူ့စိတ်ထဲရှိအတိုင်း မဖြစ်နိုင်ချေ။ ရှင်းဟယ် မည်မျှ အံ့ဩဖွယ်ရာ ရှိသည်ကို သူသိစေကာမူ သူ့စိုးရိမ်မှုကို ရပ်တန့်၍ မရပေ။

မုပိုင်က ဖုန်းချလိုက်ပြီးနောက် သူသာ ထိုသို့သော မိန်းမတစ်ယောက် ဖြစ်ခဲ့လျှင်ဟု တွေးကာ ရယ်လိုက်လေသည်။

….

ယဲ့ရှန်းက တကယ်ပင် ရှီးမိသားစု၏ အိမ်တော်တွင် တစ်ညလုံး ကုန်ဆုံးခဲ့သည်။ ယင်းက သူ ရှမုန့်အပေါ်တွင် ထားရှိသည့် အလိုက်လျောဆုံးအရာပင် ဖြစ်နိုင်ကာ သူသည် ဆုလာဘ်အနေဖြင့် ရှမုန့် ရှိသည့် နေရာကို သိခွင့်ရခဲ့သည်။

မနက်စောစောတွင် မုပိုင်က တစ်ယောက်ယောက်ကို လွှတ်ကာ ရှမုန့် ရှိသည့် နေရာကို ပြောခိုင်းလိုက်သည်။

ယဲ့ရှန်းက ကျေးဇူးတင်ကြောင်း ပြောပြီးနောက် သူ့ဇနီးကို ရှာရန် ခပ်မြန်မြန်ဖြင့် မောင်းထွက်သွားတော့သည်။

ပေးထားသည့် လိပ်စာသို့ ရောက်ပြီး ကြည့်လိုက်သည့် အခိုက် ယဲ့ရှန်းက ထိုဗီယာသည် သူ့အိမ်ထက် မနိမ့်ကြောင်း သဘောပေါက်သွားကာ သူ့သွေးများ စတင် ဆူပွက်လာတော့သည်။

ဒီခွေးမကတော့ ငါ တစ်ညလုံး သူ့ကောင်အိမ်ရှေ့မှာ အပင်ပန်းခံခဲ့ရတာ သူကကျ ဒီမှာ သာယာနေတာ အရမ်းရဲတင်းလွန်းနေတာပေါ့။

မှန်ပေ၏။ သူမျှော်မှန်းထားသည့် အတိုင်း ရှမုန့်နှင့် မုပိုင်၏ ဆက်ဆံရေးက ဒွိဟ ဖြစ်စရာကောင်းနေပြီး ထိုနေရာက သူ့၏ ယူဆချက်များကို အတည်ပြုပေးသည့် နေရာ ဖြစ်သည်။ သူတို့ နှစ်ယောက်၏ ဆက်ဆံရေးက ၅၂၈ မေတ္တာသာဖြစ်လျှင် မုပိုင်အနေဖြင့် ထိုကဲ့သို့သော နေရာကောင်းများတွင် သူ့မိန်းမကို ရှာတွေ့နိုင်မည် မဟုတ်ချေ။

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now