အခန်း ၂၃၇

1K 85 1
                                    

အခန်း ၂၃၇။

ရို့ပင်းရဲ့ ထုတ်ကုန်ကို သုံးလိုက်

“ဒီ ဒီဇိုင်းက မစ္စရှရဲ့ ဒီဇိုင်းဆိုတာ ကျွန်တော်လည်းယုံတယ်”

လော့ကျွင်းက အားနည်းစွာ ထပ်ဖြည့်ပြောလိုက်သည်။ စုစုပေါင်း လူသုံးယောက်က ရှင်းဟယ်ကို ယုံကြည်ခဲ့ကြသည်။ အခြေအနေက ရှေ့မတိုးသာ နောက်မဆုတ်သာသည့် အခြေအနေ ဖြစ်နေပြီး နှစ်ဖက်လုံးက နောက်ပြန်ဆုတ်ရန် ငြင်းဆန်နေကြ၏။ မုပိုင်၏ ထောက်ပံ့မှု မရှိလျှင် ရှင်းဟယ်က အားနည်းသည့် ဖက်ခြမ်းတွင် ရှိနေမည် ဖြစ်သည်။ အကြောင်းမှာ ရို့ပင်းက ဒီဇိုင်းက သူမ အပိုင် ဖြစ်ကြောင်း သက်သေ မပြနိုင်သောကြောင့် ဖြစ်၏။

“အခု ငြင်းနေရမဲ့ အချိန်မဟုတ်ဘူး။ မကြာခင်မှာ ခွဲစိတ်ရတော့မယ်”

လုချီက ရုတ်တရက် ဖြတ်ပြောလိုက်သည်။ သူသည် ဤဒရမ်မာကို ငြီးငွေ့နေပြီ ဖြစ်သည်။ အလုပ်ပြီးအောင် လုပ်ချင်သည်။ လုချီက အကြီးအကဲကြီးဖက်ကို လှည့်ပြီးနောက် ပြောလိုက်၏။

“အကြီးအကဲရှီး ကျွန်တော်တို့ မကြာခင်မှာ ခွဲစိတ်တော့မှာ။ ဒါကြောင့် ကျေးဇူးပြုပြီး ဆုံးဖြတ်ပေးပါ။ ဘယ်သူ့ ထုတ်ကုန်ကို သုံးမှာလဲ”

အကြီးအကဲရှီးက သစ္စာတရားနှင့် ယုတ္တိရှိမှုကြား ဘေးကြပ်နံကြပ် ဖြစ်နေ၏။ ရိုပင်း၏ ဒီဇိုင်း ဖြစ်ကြောင်း သူအပြည့်အဝ ယုံသည့်တိုင် ထိုဆုံးဖြတ်ချက်က မြဲမြံစွာ ဆုပ်ကိုင်ထားနိုင်ရန် ခက်ခဲနေကြောင်း သိလိုက်ရသည်။ ဆိုရလျှင် ဤဆုံးဖြတ်ချက် တစ်ခုကြောင့် ကိစ္စရပ်များစွာ ဖြစ်သွားစေနိုင်သည်။ သူက မည်သည်ကိုမျှ မစွန့်စားချင်ပေ။

“အကြီးအကဲရှီး ရှင့်မှာ အမြင်ကောင်းရှိတယ်ဆိုတာ ကျွန်မသိတယ်။ ကျွန်မ စကားကို ယုံလိုက်”

ရှင်းဟယ်က ညင်သာစွာ ပြောလိုက်သည်။

အကြီးအကဲရှီးက သူမကို စကားမပြောဘဲ စိုက်ကြည့်နေသော်ငြား သူ၏ မျက်နှာထက်တွင် မသေချာ မရေရာမှုများ ပေါ်လွင်နေပေ၏။

“အဘိုးရှီး ကျွန်မရဲ့ ဒီဇိုင်းက ပြီးပြည့်စုံပါတယ်။ နောက်ဆုံးထုတ်ကုန်ကို အဘိုးကိုတိုင် စစ်ဆေးခဲ့တာပဲ။ ရှရှင်းဟယ်က ဒီစကားတွေ ပြောလိုက်တာက သူ့မှာ ရှိတဲ့ဟာကလည်း သမီးရဲ့ ထုတ်ကုန် ဖြစ်နေလို့ပဲ။ ဒီတော့ ဘယ်ဟာပဲ ရွေးရွေးနှစ်ခုလုံးက သမီးဟာ ဖြစ်နေမှာ”

ဝေးလွင့်ပြီးသော အတိတ် (၂)Where stories live. Discover now